".........."

မြတ်ပန်းဝေ အတန်ကြာဆွံ့အနေပြီးတော့မှ မချိပြုံးသာပြုံးလိုက်ရတယ်

ဒီလောက်‌တောင်ထိရောက်လာခဲ့ပြီးပြီ ဒါပေမဲ့ နောက်ဆုံးတော့လဲ သူမ အလဲအကွဲကိုရှုံးနိမ့်ခဲ့တာပါပဲ

ဘာပဲဖြစ်ဖြစ် သူမလိုချင်တဲ့အချစ်တွေရခဲ့တယ် ဒီကမ္ဘာကြီးမှာအချိန်အကြာကြီးထပ်နေခွင့်ရခဲ့တယ် သူမပျော်ခဲ့တယ် ဒါကြောင့်ပဲ သူမထွက်သွားရင်လဲ ပျော်ပျော်ကြီးထွက်သွားရမယ်လေ တလအတွင်းသူမနှုတ်ဆက်ဖို့အချိန်တွေအများကြီးရှိပါသေးတယ် သူမ အဆင်ပြေပါတယ်

မြတ်ပန်းဝေခပ်‌ဖျော့‌ဖျော့ပြုံးလိုက်တယ် ဒါပေမဲ့ ဖြူဖျော့နေတဲ့သူမရဲ့မျက်နှာကပိုလို့သာအကျည်းတန်သွားလေရဲ့

"ဘာဖြစ်တာလဲဘယ်နေရာက‌မကောင်းလို့လဲဟင်"

မင်းဧကရာဇ်ကသူမမျက်နှာကိုစာအုပ်လိုဖတ်နေတာ

သူမမျက်ခုံးလေးတွန့်လိုက်တာကအစ သူမမျက်လုံးလေးတွေဘယ်ကိုရွှေ့သွားတာလဲကအဆုံး အားလုံးကို လိုက်ကြည့်နေခဲ့တာ

အရင်တခါ‌လိုထပ်ပြီးဖြစ်မှာကိုသူအရမ်းကြောက်နေခဲ့တယ် ဒါကြောင့်လဲ သူအရမ်းသတိထားနေခဲ့တာလေ မထင်မှတ်ပဲ သူမကိုယ်တိုင်ဖွင့်ချလိုက်တယ်တဲ့ အ'လိုက်တဲ့ကောင်မလေး...

"မင်းဧကရာဇ် ငါ..ငါ ထွက်သွားရတော့မယ် ..တဲ့... "

သူမရဲ့နှုတ်ခမ်းတွေပြုံးနေပေမဲ့ တဆတ်ဆတ်လှုပ်နေပြီးအချိန်မရွေးမဲ့ကျတော့မှာ သူမရဲ့မျက်ဝန်းလေးတွေကလဲအရည်လဲ့နေပြီ မကြာခင်မှာ ပုလဲမြေခတော့မယ်ဆိုတာသူမြင်နေရတယ်

သူမ တခါမှသူ့ကိုဒီလိုမျက်နှာနဲ့မကြည့်ဖူးဘူး ပြောလဲမပြောခဲ့ဘူး သူမကအမြဲတမ်း ကျိတ်ဖြေရှင်းခဲ့တာ အခုတော့ သူမ တော်တော်ကူကယ်ရာမဲ့နေတာပဲဖြစ်မယ်

ပြီးတော့ ထွက်သွားရတော့မယ်ဆိုတဲ့စကားက အရင်တခါလိုဖြစ်ပြီးအပြီးပျောက်ကွယ်သွားရတော့မယ်လို့ပြောတာများလား

ဒါဆို သူမဘယ်လိုဆက်ဖြစ်မှာလဲ?

"ဘာမှမဖြစ်ဘူးနော် မကြောက်နဲ့ ငါရှိတယ် နင့်ဘေးမှာငါရှိတယ် နင်တစ်ယောက်ထဲမဟုတ်ဘူးနော်   မကြောက်နဲ့ မကြောက်နဲ့"

သူလဲ ပါးစပ်ကပြောမိပြောရာပြောလိုက်ပေမဲ့ သူမအတွက်နှစ်သိမ့်မူ့တောင်ဖြစ်ရဲ့လားဆိုတာသူမသိခဲ့ဘူး

ဘာလို့လဲဆို သူကိုယ်တိုင်လဲ တည်ငြိမ်မူ့ဆုံးရှုံးသွားခဲ့ရလို့လေ

ဒီကမ္ဘာပေါ်ကနေ ချစ်တဲ့သူထွက်သွားတော့မယ်ဆိုတာကိုကြားလိုက်တဲ့သူတိုင်း သူ့လိုဖြစ်သွားမှာပဲမဟုတ်လား

"ငါ အဆင်ပြေပါတယ်လို့ ဘယ်လောက်ပဲ‌တွေးနေပေမဲ့ ငါ ငါကြောက်တယ် ငါ့မိသားစု ငါ့ကိုချစ်တဲ့သူတွေ ငါချစ်တဲ့သူတွေ အားလုံးကိုထားခဲ့ရမှာ ငါ ငါအရမ်းကြောက်နေမိတယ်ဟယ် "

ငါ .... နင်တို့ကိုမထားခဲ့ချင်ဘူး နင်တို့နဲ့ပတ်သတ်ခဲ့သမျှ ပျောက်ကွယ်သွားမှာမျိုး ဒါမှမဟုတ် အမေ့ခံလိုက်ရမှာမျိုး လုံးဝ မဖြစ်ချင်ဘူးဟယ် ငါအရမ်းကြောက်တယ်

"အဲ့ဒါက....ဘာစကားလဲ ..."

Sky ရဲ့ခပ်စိမ်းစိမ်းလေသံကြောင့် မြတ်ပန်းဝေ မှင်သက်သွားလေတယ် ဒါပေမဲ့လဲ သူသတိရလာတယ်ဆိုတာကြောင့် အရမ်းပျော်သွားပြီး တုန်ရီသွားကာ သူပြောလိုက်တဲ့စကားကိုလဲမေ့သွားမိတော့တယ်

"နင် နင် သတိရလာပြီ sky နင်သတိရလာပြီ ငါ ဆရာဝန်ခေါ်လိုက်မယ်နော် "

သူမ ထအရပ် သူ့ရဲ့စိမ်းသက်တဲ့လေသံကိုထပ်ကြားလိုက်ရပြန်တယ်

"ပြောပါဦး မင်းကငါတို့ကိုထပ်ထားခဲ့ဉီးမယ်ပေါ့လေ ငါတို့ကိုထပ်ပြီးစောင့်ခိုင်းဦးမယ်ပေါ့ ပြီးရင် မင်းပြန်လာချင်တဲ့အချိန်ပြန်လာပြီးငါတို့ကိုအရူးလုပ်ဦးမှာပေါ့လေ ဟုတ်လား ! "

"Sky ငါ အဲ့လိုမဟုတ်...."

"ထွက်သွား! နင့်ကိုငါမမြင်ချင်ဘူး"

"မဟုတ်ဘူး. .ငါ .."

"ထွက်သွားလို့ငါပြောနေတယ်လေ "

".....!....."

"ဒါမှမဟုတ် ငါထထွက်သွားလိုက်ရမလား"

"နေပါ နင်က အခုမှ သတိရလာတာ ငါထွက်သွားလိုက်ပါ့မယ်နော် ငါ ထွက်သွားပါမယ် နင် ထမလာနဲ့နော် ငါသွားပါ့မယ် "

မြတ်ပန်းဝေ အမြန်ထွက်လာခဲ့တယ် အခန်းတံခါးပေါ်ကျောချမိခါမှ သူမ ဝမ်းနည်းပမ်းနည်းငိုမိတော့တယ်

နင်ငါ့ကိုမုန်းလိုက်ပါ skyရယ် ငါမရှိလဲပဲ နင့်ကိုအမုန်းတွေနဲ့ ဝမ်းမနည်းပဲဆက်ရှင်သန်သွားစေချင်တယ်

။။။။။။။။။ ။။။။။။ ။။။။။ ။။။။။ ။။။။။ ။။။။

Alinkar nang 🌿🌿

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now