နှင်းဒီဇင်ဘာလန့်သွားပေမဲ့ ဘာမှတ်တမ်းမှမရှိတာ ကိုဘုန်းရဲ့ဖုန်း call log ကိုသူမ သေချာပေါက်ရှင်းပြီးပြီလေ

"ငါ ...ငါ မဟုတ်ပါဘူး မြတ်က‌လေး ငါ့ကို မဟုတ်တမ်းရားမစွပ်စွဲပါနဲ့ "

"ဪ အဲ့တော့ ငါက စွပ်စွဲတဲ့သူ နင်က အပြစ်မဲ့ innocentလေးပေါ့ ဟုတ်လား နှင်းဒီဇင်ဘာ နင်တတ်လဲတတ်နိုင်တာပဲနော် ရုပ်ရှင်မင်းသမီးလုပ်စားပါ့လား ဒါဆို တနှစ်တစ်ခါ အကယ်ဒမီဆုရနေမှာသေချာတယ် "

"ကိုဘုန်း. . ညီမ..... ညီမ ဘာမှမလုပ်ဘူးနော်.... မြတ်ကလေးက ညီမကိုတခုခုအထင်လွဲနေတာဖြစ်မယ် "

ဒီရက်တွေအတွင်းမှာ မြတ်ဘုန်းသျှန်က သူမကိုအတော်အလိုလိုက်ထားတာလေ အဲ့တော့ သူမပြောတာကိုယုံမှာသေချာတယ်

ဒါပေမဲ့ သူမ တွေးလိုက်တာနဲ့မြတ်ဘုန်းသျှန်လုပ်လိုက်တာက လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေတာ

အဲ့ဒါက သူမမျက်နှာကိုသူမပြန်ဖြတ်ရိုက်လိုက်သလိုဖြစ်သွားလေတယ်

သူမတွဲထားတဲ့လက်ကိုဖြုတ်ပြီး မြတ်ပန်းဝေနားကိုသွားလိုက်သူကို မယုံနိုင်သလိုငေးကြည့်မိရင်း

"ကိုဘုန်းက ....ညီမကိုမယုံဘူးလားဟင်"

" မြတ်ကလေးက လုံးဝ မလိမ်တတ်ဘူး မြတ်ကလေးကိုယုံတယ် "

" ........"

ဒါဆို သူမကိုတော့ မယုံဘူးလို့ပြောချင်တာလား

နှင်းဒီဇင်ဘာ ပထမဆုံးကြောင်အသွားမိလေတယ်

သူမရဲ့ဘဝထဲမှာ ပထမဆုံးခက်ခက်ခဲခဲလိုက်ခဲ့ရတဲ့ဆုလာဒ်ကိုသေချာမခံစားရသေးခင်မှာပဲ ပျောက်ကွယ်သွားခဲ့လေပြီ

သူမ မယုံနိုင်သေးပေမဲ့လဲ ဒါက အိမ်မက်မဟုတ်ခဲ့ပါလေ

"ဒါဆိုလဲ ငါလုပ်ခဲ့တယ်ဆိုတဲ့သက်သေပြလေ "

"....."

"သက်သေမရှိပဲ ငါ့ကိုလာမစွပ်စွဲနဲ့"

"နင်က သက်သေလိုချင်တာလား ရတယ်လေ ငါ့မှာ recordingဖမ်းထားတာမရှိဘူးလို့ထင်နေတာလား ဟမ် နင်အရမ်းသက်သေလိုချင်နေတာမလား ငါပြမယ် နင့်နားနှစ်ဖက်နဲ့သေချာနားထောင်"

မြတ်ပန်းဝေက သူမရဲ့အနဲငယ်ကွဲကြေနေတဲ့ဖုန်းကိုထုတ်လာကာ recordingဖမ်းထားတာကိုဖွင့်ပြလိုက်တော့တယ်

ပထမတခါ ပြန်ပေးဆွဲခံရပြီးထဲက သူမဖုန်းထဲက automatically recording ဆိုတဲ့ mood ကို on လုပ်ထားခဲ့တာ မထင်မှတ်ပဲအခုတော့ အသုံးဝင်လာလေပြီ

-ဟဲလို ကိုကိုကြီး-

-ဟဲလို ငါပါ နှင်းဒီဇင်ဘာ ကိုဘုန်း မတော်တဆ  ဖြစ်သွားလို့ ဆေးရုံတင်ထားရတယ် အဝေးကလုပ်ငန်းကိုသွားကြည့်တာဆိုတော့ နယ်ဘက်ကဆေးရုံမှာပဲတင်ထားရတာ အဲ့ဒါအရေးပေါ်သွေးလိုလို့တဲ့ ငါ့သွေး Aဖြစ်နေတာ ကိုဘုန်းက Bလေ နင်လဲBပဲမလား ငါ့ကိုကူညီပါဦးဟယ် ကိုဘုန်းကသွေးလွန်နေတယ်တဲ့ နင့်သွေးလိုတယ်  မြတ်ကလေး မြန်မြန်လာခဲ့နော်-

ဖုန်းထဲကအသံကိုအားလုံးကြားလိုက်ရတယ်

ဒါကကျိန်းသေပေါက် လုပ်ကြံထားတာမဖြစ်နိုင်ဘူး

အားလုံးရဲ့အကြည့်က နှင်းဒီဇင်ဘာအပေါ် ကျရောက်လာတော့တယ်

နှင်းဒီဇင်ဘာကတော့ မထူးဇတ်ခင်းပြီးအသည်းအသန်ငြင်းတော့တယ်

"မဟုတ်ဘူး မဟုတ်ဘူး တကယ်လို့အဲ့လိုသာဆိုရင် ကိုဘုန်းဖုန်းထဲကcall log မှာပေါ်မှာပေါ့ တကယ်လို့မရှိရင် ငါလိမ်တာမဟုတ်ဘူး အဲ့ဒါ နင်လုပ်ကြံထားတာပဲ "

မြတ်ဘုန်းသျှန်ရဲ့သူရဲ့call log ကို စစ်ကြည့်လိုက်တယ် တကယ်ပဲမပေါ်နေခဲ့ဘူး ဒါပေမဲ့ ....

ခနအကြာမှာတော့ မြတ်ပန်းဝေဖုန်းထဲကအသံလိုတပုံစံထဲအသံက မြတ်ဘုန်းသျှန်ဖုန်းထဲကနေထွက်လာတော့တယ်

အခုတော့ အရာအားလုံးရှင်းလင်းသွားလေပြီ

"ကဲ ဘာငြင်းချင်သေးလဲ နင်...! "

ပြောနေရင်းနဲ့ မြတ်ပန်းဝေ တကိုယ်လုံးတွန့်လိမ်သွားကာ မူးလဲသွားလေတော့တယ်

"Host ဇတ်လိုက်မကိုဆန့်ကျင်လို့ systemက ပြစ်ဒဏ်ချလိုက်ပါတယ် "

သူ‌မခေါင်းထဲနောက်ဆုံးကြားလိုက်ရတဲ့စကားသံပါပဲ

ဒါပေမဲ့ သူမ နောင်တမရပါဘူး ဘာလို့လဲဆိုတော့ တကယ့်ကြာပန်းဖြူလေးဆိုရင် သူမ အဆုံးထိဝင်နှောင့်ယှက်မှာမဟုတ်ဘူး

ဒါပေမဲ့ နှင်းဒီဇင်ဘာက လက်ဖက်စိမ်းမဖြစ်နေတာလေ သူမရဲ့မိသားစုကိုလူလိမ်မလက်ထဲဘယ်လိုမှမထည့်ခဲ့နိုင်ဘူး

အဲ့လိုသာဆို သူမ ဘယ်လိုမှစိတ်ဖြောင့်နိုင်မှာမဟုတ်ဘူးလေ

..... ......      ......   ...... .... ...... ....

Alinkar nang 🌿🌿

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now