နောက်‌ဆုံး ကြံရာမရတော့ မြတ်ပန်းဝေကိုသာရင်ခွင်ထဲထည့်ဖက်ထားလိုက်လေရဲ့

တစ်စုံတစ်ယောက်ကတော့ ကျယ်ပြန့်သန်မာတဲ့ရင်ခွင်ကြီးထဲ ပြဲနေအောင်အော်ငိုနေတော့တယ်

မြတ်ဘုန်းသျှန်က မြတ်ပန်းဝေကို အသာသိုင်းဖက်ထားရင်း ကျောကလေးကိုလဲပုတ်ပေးနေလေတယ် တော်တော်ကြာမှ ငိုလို့ဝတဲ့မြတ်ပန်းဝေက ခေါင်းမော့ပြီး သူ့ကိုကြည့်လာတဲ့အခါမှာတော့ မြတ်ဘုန်းသျှန် လုံးဝ မထိန်းနိုင်ပဲ မြတ်ကလေးရဲ့နဖူးပေါ် အနမ်းဖွဖွခြွေမိတော့တယ်

မိုးတိတ်သွားလို့ လောကတခွင်လင်းထင်းလာပြီး သက်တန့်ထွက်လာသလိုမျိုး ကြည်လင်နေတဲ့မျက်ဝန်းတွေဟာ ပြူးကျယ်သွားခဲ့တယ်

သူကတော့ ဘာပဲဖြစ်ဖြစ် နမ်းပြီသွားပြီဆိုတော့ မသိယောင်ဆောင်ပြီးပဲထပ်ဖက်ထားလိုက်တော့တယ်လေ

တစ်ယောက်သောငတုံးမလေးက သူမကိုနှစ်သိမ့်နေတာပဲလို့တွေးမိရင်းတိတ်တခိုးစိတ်သက်သာသွားသတဲ့

ဒါပေမဲ့ တံခါးပေါက်မှာ သူတို့နှစ်ယောက်ကိုစိုက်ကြည့်နေတဲ့ တတိယလူကလဲရှိသေးတာလေ

‌ဆောင်းဒီဇင်ဘာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်မိတယ်

ဒီအိမ်ကယောကျာ်း‌သားတွေက ဘာလို့တဖက်ထဲကိုပဲလေတိုက်ရတာလဲ

သူမကိုမမြင်ကြတော့ဘူး မမြင်ကြတော့ဘူးလားလို့..

မြတ်ပန်းဝေ... မြတ်ပန်းဝေ...ရုပ်ကလေးကြည့်တော့ သနားစရာရုပ်နဲ့ လူတကာကိုချူနေတာများ မမြင်ချင်မှအဆုံးပဲ

အခုလဲ ကိုဘုန်းကိုခြွေနေပြန်ပြီ

ကိုဘုန်းကလဲ သူမကိုသာ လက်တောင်မကိုင်တာ အဲ့ဟာမကျတော့ နမ်းတောင်နမ်းလိုက်သေးတယ်

မဖြစ်သေးဘူး ဒီလိုသာဆို အဲ့ဟာမနောက်ကို ငါ့လူတွေအကုန်ပါသွားတော့မှာပဲ မြတ်ပန်းဝေကိုလတ်စ‌ဖျောက်ဖို့ လုပ်မှရတော့မယ်

ဟင်းဟင်းးးး နှင်းဒီဇင်ဘာတဲ့ မပိုင်ရင်ခြင်တောင်မရိုက်ဘူးမှတ်

အချိန်တွေက လူကိုမစောင့်ပဲ ဒီလိုနဲ့ကုန်ဆုံးသွားတယ်

မင်းဧကရာဇ်လဲ နှင်းဒီဇင်ဘာကိုအသည်းအသန်လိုက်တော့တယ်

နှင်းဒီဇင်ဘာကလဲ အဖြေပြန်မပေးပဲ ဒီအတိုင်းလေးမျောထားလေရဲ့

ဒါပေမဲ့ တရက်မှာတော့ နှင်းဒီဇင်ဘာက တနေရာကို ချိန်းလာလေတယ်

မင်းဧကရာဇ်က အခန်း102နဲ့ မြတ်ဘုန်းသျှန်က အခန်း 203မှာ ကိုယ်စီပေါ့

Sky ကလွတ်နေတာဆိုတော့ နှင်းဒီဇင်ဘာကအဖတ်မလုပ်ဘူး တကယ်လို့သူမလမ်းကိုဝင်ရှုပ်ရင် skyကိုပါ ရှင်းထုတ်ပစ်မှာ

မြတ်ပန်းဝေ အိမ်မှာ ဘယ်သူမှမရှိလို့ အိပ်ယာထဲဖုန်းသုံးနေတုန်း မြတ်ဘုန်းသျှန်ဆီကဖုန်းလာခဲ့တယ်

"ဟဲလို ကိုကိုကြီး"

"ဟဲလို ငါပါ နှင်းဒီဇင်ဘာ ကိုဘုန်း မတော်တဆ  ဖြစ်သွားလို့ ဆေးရုံတင်ထားရတယ် အဝေးကလုပ်ငန်းကိုသွားကည့်တာဆိုတော့ နယ်ဘက်ကဆေးရုံမှာပဲတင်ထားရတာ အဲ့ဒါအရေးပေါ်သွေးလိုလို့တဲ့ ငါ့သွေး Aဖြစ်နေတာ ကိုဘုန်းက Bလေ နင်လဲBပဲမလား ငါ့ကိုကူညီပါဦးဟယ် ကိုဘုန်းကသွေးလွန်နေတယ်တဲ့ နင့်သွေးလိုတယ်  မြတ်ကလေး မြန်မြန်လာခဲ့နော်"

ရုတ်တရက်ဆိုတော့ မြတ်ပန်းဝေ ယောက်ယက်ခတ်သွားပြီး အမှာအမှန်မဆုံးဖြတ်နိုင်တော့ဘူး

ကိုကိုကြီးသာ တခုခုဖြစ်သွားရင် ရင်ကျိုးရချည်ရဲ့

သူမ လိုမယ်ထင်တာလေးတွေပြေးယူပြီး လောလော လောလောနဲ့ထွက်သွားတော့တယ်

သူမကိုလွမ်းလို့ တိတ်တဆိတ်လာချောင်းတဲ့skyလဲ စိတ်ပူသွားပြီး မြတ်ပန်းဝေစီးသွားတဲ့ကားနောက်ကလိုက်သွားတော့တာပဲ

"မြန်မြန်မောင်းပါကားဆရာရယ်"

"ဒီထက်မြန်မြန်မောင်းလို့မရတော့ဘူး ကလေးမရဲ့ အက်စီးဒန့်ဖြစ်ပြီးအကုန်ကြွကုန်မှ ဟုတ်ပေ့ဖြစ်သွားဦးမယ် "

"အင်းပါကားဆရာရယ် ကျွန်မသိပါပြီ ကားကိုသာဂရုတစိုက်နဲ့မြန်မြန်လေးမောင်းပေးနော် "

"ဟုတ်ပါပြီ ဟုတ်ပါပြီ "

ကားလေးကတရိပ်ရိပ်နဲ့ နယ်ဘက် ပြေးလွှားသွားနေချိန်မှာ နှင်းဒီဇင်ဘာက နှုတ်ခမ်းတွန့်ပြုံးလိုက်ပြီး call logထဲက မြတ်ကလေးဆိုတာကို ဖျက်ပစ်လိုက်လေတယ် အဲ့နောက် သူမဖုန်းနဲ့‌‌တစ်စုံတစ်ယောက်ကိုလဲဆက်သွယ်လိုက်သေးတယ်

"မြတ်ပန်းဝေ နင်ဘယ်လိုလွတ်အောင်ရုန်းမလဲငါသိချင်ပါရဲ့ သေရင်သေ မသေရင်လဲ မသန်မစွမ်းဖြစ်အောင်လုပ်ခိုင်းထားတာ ဟီးးဟီးး နင်မသေပဲ မသန်မစွမ်းဖြစ်သွားတဲ့အခါ ဘယ်သူနင့်ကိုဆက်ကြိုက်ဦးမလဲဆိုတာ ငါသိချင်ပါရဲ့ ဟားဟားဟားးး"

......

🌿🎵🌿🎵🌿🎵🎵🌿🎵🎶🎵🌿🌿🎵🌿🎵🎵🌿🌿🎵

Alinkar nang 🌿🌿

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now