အပိုင်း (88)

En başından başla
                                    

အဲ့စကားတွေကို ခွန်းပြောတော့မယ်....

Lord နဲ့ ခွန်း ဘာတွေ ပြောနေကြလဲ ဆိုရင်...

ခွန်း က Lord လက်မောင်းကို မှီရင်း

"Lord....ခွန်း မကြာမှီ အသီးရွက်စား သတ္တဝါ ဖြစ်တော့မယ် "

တော်တော် စိတ်မရှည်တော့တယ့် လေသံဖြင့်

"ကောင်းတာပေါ့.....အသားရည်လှတယ်"

"နွားနို့လဲ မနက်တစ်ခွက် ညတစ်ခွက် ဆို လုံလောက်ပါပြီ.....တစ်ချိန်လုံး မတိုက်ပါနဲ့...ခွန်း နို့ မုန်းတော့မယ်....Cola လေး တစ်ဗူးတော့တိုက်ပါ.."

"နို့သောက်ရင် ခွန်းလဲ အားရှိမယ်...ကလေးလဲ အားရှိမယ်.....Cola က မကောင်းဘူး "

"ဒါဆို အားလူးကြော် အစပ်ဝယ်ကျွေးပါ"

"မဝယ်ကျွေးဘူး..."

"မာလာရှမ်းကော....."

"မကျွေးဘူး "

"Cola...."

"မတိုက်ဘူး......"

"အချဥ်ထုတ်လေး...တစ်ထုတ်လောက်ပဲ"

"မရဘူး......"

"အားလူးကြော်...အစပ် ဝယ်ကျွေး...မကျွေးရင်...
ဒီနေ့က စပြီးလုံးဝ လာမနမ်းနဲ့"

"ဝယ်ကျွေးမယ်..."

ကလေးရယ်...အဖေ ကလေးကို ချစ်ပေမယ့်..
မင်းအမေကို မနမ်းရရင် အဖေ မဖြစ်လို့ပါ...သည်းခံပေးပါနော်.....

တော်တော် လေးနက်တယ့် စကားတွေ ပြောနေကြတာပဲ။

အပေးယူတည့်သွားပြီ နှစ်ယောက် ​ကားပေါ်တတ်ကာ အားလူးကြော်အစပ်ထုတ်ရသွားပါသည်။

👏👏👏👏👏👏👏👏👏👏👏👏👏👏👏

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ခွန်း နဲ့ Lord မနက်ရောက်တော့ မပြန်သေးဘဲ...လျှောက်လည်တယ်...

ခွန်း ကလေ ကိုယ်ဝန်လွယ်ထားတယ့် ကလေးလေး....

ခွန်း က ကမ်းခြေကြိုက်လို့.....Lord နဲ့ ကမ်းခြေကို သွားခဲ့သည်။

ခွန်း နဲ့ Lord က သာမာန် အဝတ်စားနဲ့ ကမ်းခြေ
ကို လာကြသည်။

အစောင့်တွေက လဲ သာမာန် အဝတ်စားဖြင့် အဝေးကနေသာလိုက်သည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Hikayelerin yaşadığı yer. Şimdi keşfedin