အပိုင်း (88)

Start from the beginning
                                    

ဒီမြင်ကွင်းကြောင့် လူတိုင်း ရှေ့ာရသွားကြသည်။

Lord က ဒီလို လုပ်ပေးတာကို.... မြင်ရလို့သာ ယုံရတယ်....ကိုယ့်မျက်လုံးကို မှားနေသလို ခံစားရတယ်...အခြားသူသာလာပြောရင် ယုံမှာ မဟုတ်ဘူး..

ခွန်း က သူ့ ယောက်ျားကိုချောင်းနေတယ့် မိန်းကလေး တိုင်းကို ကြည့်ကာ....

မြင်လား....Lord ​က ငါ့အပိုင်ဆိုတယ့် အကြည့်နဲ့ အကုန်လုံးကို ကြည့်နေသည်။

ခွန်း က အခုချိန် မှာ ပြိုင်ဘက်မရှိ အနိုင်ရသူပါ...ဘယ်သူမှ ခွန်း ကို တု နိုင်မှာ မဟုတ်ဘူး..

မိန်းကလေး တိုင်း ခွန်းအကြည့်ကို မခံနိုင်ကြပါ...အကုန်နောက်ဆုတ်သွားကြသည်။

Lord က ခွန်းသာလိုချင်ရင် အရာအားလုံးကို
လုပ်ပေးမယ့်သူပါ။

"I Love You...Babe"

"I Love you...Lord"

"........"

Lord နဲ့ Goddess ကြား က အပြုံးတွေအကြည့်တွေ အချစ်တွေ က ဘယ်သူမှ ကြားဖြတ်လို့မရနိုင်ဘူးဆိုတာ အသေချာပါ.....

ခွန်း တို့ အိမ်အပြန်....ခွန်း က ကားခဏ ရပ်ခိုင်းသည်။

"ဘာဖြစ်လို့လဲ....ခွန်း....."

လမ်းလျှောက်လို့ရတယ့် လမ်းသွယ်လေးကိုတွေ့တော့....

"ခဏ လမ်းလျှောက်ချင်လို့..... "

"ခွန်းရယ်....အပြင်မှာ လေအေးတယ်...ခဏ ပဲ လျှောက်နော်...."

"အင်း...."

ခွန်း နဲ့ အတူ Lord က လမ်းလျှောက်ပေးသည်။

"Lord...."

"အင်း....."

ခွန်း က Lord လက်မောင်း ကိုဖတ်ကာ Lord လက်မောင်း မှာ ခေါင်းလေးမှီထားသည်။

အခုလို အေးမြတယ့် အချိန်မှာ...အရမ်းလှပပြီး လူရှင်းတယ့် လမ်းလေးမှာ လမ်းလျှောက်ရင်း....

များသောအားဖြင့် ဒီချိန် တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးကြတဲ့ အကြောင်းတွေ....ဒါမှမဟုတ် အခြား လေးနက်စရာတွေ ပြောကြတာပေါ့...

အခုလို Lord နဲ့ ခွန်း ကြားမှာလဲ သာမာန် ထက်လေးနက်တယ့် စကားတွေရှိတယ်....

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now