"ဗိုက်ထဲမှာ ကိုယ်တို့ကလေးရှိနေပြီ"

ကြားလိုက်ချင်း ခွန်းလုံးဝမယုံကြည်နိုင်အောင် ဝမ်းသာနေမိသည်။

"....တဂယ်လား....Lord....ခွန်း...အမေဖြစ်တော့မှာပေါ့"

"ကိုယ်လဲ အဖေ ဖြစ်တော့မယ်......"

ခွန်း လှဲရမှ ထလိုက်သည်။

မျက်ရည်တွေက ဝဲရာ
ကနေ စီးကျလာသည်။

"နောက်ဆုံးတော့ Lord ကိုယ်ပွားလေး
မွေးနိုင်တော့မယ်.....ခွန်း အရမ်းဝမ်းသာတာပဲ..."

ရုပ်ရှင်တွေထဲကလို တစ်ခါလောက်
လိင်ဆက်ဆံလို့ ကိုယ်ဝန်ရသွားတယ့်ထဲ
သူတို့မပါခဲ့ဘူး....

ခွန်း အမြဲ ဖြစ်ချင်ခဲ့တာ Lord ရဲ့ ကိုယ်ပွားလေးပေးချင်ခဲ့တာ....အခုတဂယ်ဖြစ်လာခဲ့ပြီ။

"ခွန်းအရမ်းပျော်တာပဲ...."

"မငိုရဘူးလေ....ခွန်းရဲ့...ဒါကိုယ်တို့အတွက် ကံကောင်းခြင်းပဲ"

ခွန်း က Lord နှုတ်ခမ်းတွေကိုနမ်းသည်။

Lord ကလဲ ခွန်း အနမ်းတွေကို တုံ့ပြန်ခဲ့ရင်း နူးညံ့စွာ
နမ်းကြသည်။

"ချစ်တယ်....ခွန်း"

"ချစ်တယ်...Lord...အရမ်းချစ်တယ် "

OG ဆရာဝန် ဝင်လာခဲ့သည်။

ခွန်းကို စမ်းသပ်ပြီးနောက်....Lord က မေးသည်။

"ကလေးက ဘာလေးလဲ"

ဆရာဝန်က အ သွားသည်။ ခွန်း က ရယ်မိတော့တယ်

Lord က တစ်ယောက်တည်း နေလာသလို...ရုပ်ရှင်လဲ မကြည့်ဘူး...သူ့ဟာသူ အလုပ်တွေနဲ့...သူဒီလို ကိစ္စတွေမသိတာ ထူးဆန်းတာတော့..မဟုတ်ဘူး

"ဗျာ....အဲ့ဒါက ဘယ်လိုလုပ်သိမှာလဲ....
အခုမှ 1လ သားလေးပဲ ရှိသေးတယ်...
သေချာဂရုစိုက်ပေးပါ.....တစ်ပတ်တစ်ခါ ကျွန်တော် လာစစ်ပေးပါ့မယ်...3လ ဆိုရင် ultrasound ရိုက်ပြီး သန္ဓေသားပုံကိုကြည့်လို့ရပါပြီ....5လ ဆိုရင် မင်းသားလေးလား....မင်းသမီးလေးလား...ဆိုတာ သိရပါမယ်"

အခုမှ Lord က နားလည်သွားသည်။

"သောက်ရမယ့် ဆေးစရင်းကို ပြင်ဆင်ပေးခဲ့ပါ့မယ်."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now