Special Episode

3.8K 380 332
                                    

#Unicode

တိတ်ဆိတ်ငြိမ်သက်လှသည့် အခန်းထဲ အဖြူရောင်ပန်းချီကားချပ်ပေါ် တစ်ချက်ချင်းစီ ရေးဆွဲနေသည့် လက်ချောင်းသွယ်သွယ်လှလှကလေးတွေ...။ မျက်ဝန်းညိုညိုကလေးတွေကလည်း လေးနက်စူးစိုက်မှုအပြည့်ဖြင့် ပန်းချီကားချပ်ဆီကိုသာ အာရုံအပြည့်ပေးလို့ထားသည်....။ ဘေးမှာတော့ Tan က ခွေခွေလေးလှဲနေလျက် တိတ်တိတ်ကလေးအဖော်ပြုပေးလို့နေသည်...။

သို့ရာတွင်....

"ပါးပါး...! မီးမီးပြန်ရောက်ပြီ...!"
"သားလည်းပြန်ရောက်ပါပြီ...!"

တိတ်ဆိတ်နေတဲ့လေထုအားဖြိုခွင်းလိုက်သည့် ရှေ့ဆင့် နောက်ဆင့်ဆိုသလို ထွက်ပေါ်လာသော အသံလေးတွေ...။

ထိုအသံဆာဆာ‌ကလေးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာတော့ ကိုယ်ပြုံးလိုက်မိရင်း လက်ထဲက ဆေးရည်ခွက်နဲ့ စုတ်တံကို ခုံပေါ်တင်လိုက်ကာ ထိုင်နေရာကနေထလိုက်တော့သည်...။ ကိုယ့်ထက်မြန်သည့် Tan ကတော့ ကိုယ့်အရှေ့ကနေ ပြေးသွားလေ၏...။

ပန်းချီခန်းထဲကနေထွက်လာခဲ့ပြီး အောက်ကိုဆင်းလာခဲ့လေတော့ ဧည့်ခန်းဆိုဖာပေါ်မှာ Tan နဲ့ Bam တို့နဲ့အတူဆော့နေပါသော သားနဲ့သမီးအား တွေ့လိုက်ရသည်...။

"သားနဲ့သမီး...! မင်းတို့ရဲ့‌ဖေဖေရော...?"

"ဖေဖေက.... ဟိုမှာလာနေပြီ ပါးပါး..."

သမီးလေးလက်ညှိုးထိုးရာကို ကြည့်လိုက်လေတော့ ကလေးတွေရဲ့ကျောပိုးအိတ်နဲ့ခြင်းတောင်းတွေကိုသယ်ရင်း အိမ်ထဲဝင်လာပါသော ကို...။

"ထယ့်ဆီပေးလေ ကို..."

အနားကိုအပြေးသွားလိုက်ကာ ကို့လက်ထဲက ကျောပိုးအိတ်တွေကိုယူဖို့လုပ်လေတော့ ကိုက အယူမခံဘဲ....

"ကိုယ်ပဲသယ်ခဲ့ပါ့မယ် ကောင်ငယ်လေးရယ်။ မင်းလေး သယ်စရာမလိုပါဘူး..."

ပြောလာတဲ့ကို့စကားကြောင့် ကိုယ့်မှာပြုံးလိုက်မိတော့၏...။

"ကို ပင်ပန်းမှာစိုးလို့ပါ။ ဒီနေ့ ကလေးတွေကို ကိုတစ်ယောက်တည်းကြိုလာရတာဆိုတော့..."

"ကိုယ်မပင်ပန်းပါဘူး ထယ်ရဲ့..."

ပုံမှန်အတိုင်းဆို ပန်းချီသင်တန်းပြီးတဲ့အချိန်နဲ့ အလုပ်ပြီးတဲ့အချိန် ကိုက ကိုယ့်ကိုလာကြိုပြီးနှစ်ယောက်အတူ ကလေးတွေကို သွားကြိုနေကျပင်...။ ဒါပေမယ့် ဒီနေ့က ကိုယ့်သင်တန်းပိတ်ရက်မို့ အလုပ်ကအပြန်သူတစ်ယောက်တည်းသွားကြိုလိုက်မယ်လို့ဆိုကာ အိမ်မှာအတင်းနားခိုင်းထားပါသော ကို့ကြောင့် ဒီနေ့ ကိုယ်က အိမ်မှာရှိနေရခြင်း...။

First Love (Completed)Où les histoires vivent. Découvrez maintenant