Episode-23

4.6K 439 230
                                    


#Unicode

အဖေနဲ့အမေ့ကို ကိုနဲ့မိတ်ဆက်ပြီး‌ နောက်တစ်နေ့မှာပင် ကို့အမေကိုသွားတွေ့ကာ ကိုယ်တို့နှစ်ယောက်အကြောင်းဖွင့်ပြောခဲ့ကြသည်...။ ကို့အမေနဲ့သိတာကြာနေပြီဆိုပေမယ့် ဒီတစ်ခါကတော့ကို့ ရဲ့ရည်းစားအဖြစ်နဲ့မိတ်ဆက်ရတာကြောင့် အနည်းငယ်တော့စိတ်လှုပ်ရှားခဲ့သည်။ သို့သော် ကို့အမေက ကိုယ်တို့နှစ်ယောက်ကြောင်းသိသိချင်းမှာပဲ....

"ကောင်းလိုက်တာ...။ အမေကထယ်လေးကိုအမေ့ရဲ့သားအရင်းလိုချစ်လာတာလေ။ ဘယ်လိုလုပ်သဘောမတူဘဲနေမှာလဲ...? သဘောတူတယ် သဘောတူတယ်။ သားတို့နှစ်ယောက်လုံးပျော်တယ်ဆို အမေကကန့်ကွက်စရာမရှိပါဘူး..."

"ကျေးဇူးပါ.... အမေ...!"

ဝမ်းမြောက်ဝမ်းသာစွာနဲ့သဘောတူလက်ခံပေးလာတဲ့ ကို့ရဲ့အမေ...။

ဒီလိုနဲ့နှစ်ဖက်မိဘတွေဆီဖွင့်ပြောပြီးတဲ့နောက်မှာတော့ မိဘတွေအချင်းချင်းပါရင်းနှီးသွားကြပြီး မိသားစုနှစ်ခုနှစ်အိမ့်တစ်အိမ်လိုဖြစ်သွားကြသည်...။ အခုဆိုရင် ကိုယ်တို့နှစ်ယောက်က တစ်ယောက်အိမ်တစ်ယောက် တံခါးမရှိ ဓားမရှိဝင်ထွက်နိုင်ပြီဖြစ်သလို နှစ်ဖက်မိဘတွေရဲ့သဘောတူလက်ခံမှုအောက်မှာ လက်ထပ်ဖို့အထိပါရည်ရွယ်ထားတဲ့ချစ်သူတွေအဖြစ် လေးနက်သော relationship တစ်ခုကို တည်ဆောက်နေကြပြီဖြစ်သည်...။

တစ်ချို့က ဒီအဆင့်ထိသွားတာစောတယ်လို့ပြောကြသလို တစ်ချို့ကျပြန်တော့လည်း ဒီလိုအရွယ်မှာစတဲ့ relationship တစ်ခုဟာ မကြာခင်ပျက်မှာပဲလို့ဝေဖန်ကဲ့ရဲ့ကြသည်...။

ဒါပေမယ့် ကိုယ်တို့နှစ်ယောက်ကတော့ ပတ်ဝန်းကျင်ရဲ့ဝေဖန်တဲ့စကားတွေကိုနားမထောင်ပေ...။ နှစ်ဖက်မိဘတွေရဲ့ခွင့်ပြုချက်လည်းရပြီးပြီဖြစ်တာကြောင့် အတူတူဖြတ်သန်းမယ့်အနာဂတ်အတွက်သာ ကြိုးစားရင်းနေထိုင်သည်...။

"ဝိုး.... ဟင်းတွေအများကြီးပါလား....!? တစ်သက်နဲ့တစ်ကိုယ် အမေ ဒီလောက်ဟင်းတွေအစုံအလင်ချက်တာ ဒီတစ်ခါပဲတွေ့ဖူးသေးတယ်...!"

ဒီနေ့က ကို့ရဲ့မွေးနေ့....။ မနက်စောစော ကိုနဲ့အတူနှစ်ယောက်သား ကို့အဖေအရိုးပြာအိုးထားတဲ့နေရာဆီသွားကာ ဂါရဝပြုခဲ့ကြပြီး နေ့လယ်စာကို ကို့အမေဆီမှာစားခဲ့ကြကာ အခုညစာကတော့ ကိုယ့်အိမ်မှာဖြစ်သည်...။

First Love (Completed)Where stories live. Discover now