Episode-9

4.8K 513 217
                                    


#Unicode

"ဟား...! ဟား...! ဟား...! အဲဒီ့တော့ စီနီယာဂျောင်ကုကိုမွေးနေ့လက်ဆောင်ပေးဖို့အတွက် မင်းက စီနီယာ့အမေဆီကနေ ပန်းဝယ်ခဲ့တာပေါ့လေ...! အဲဒါကလည်းအကြွေးနဲ့...!"

ကာယအချိန် ကျောင်းမှာ ဘတ်စကတ်ဘော ကစားနေတုန်း ကွင်းထဲပျံ့လွင့်လာတဲ့ ဟိုနှစ်ကောင်ရဲ့ရယ်သံ...။ သူ့မွေးနေ့တုန်းက ဘာလက်ဆောင်ပေးလိုက်လဲဆိုတဲ့မေးခွန်းနောက် ထိုနေ့ကအကြောင်းတွေပြောပြလိုက်ကတည်းက အခုလို အာပြဲတွေနဲ့ မြက်ခင်းပေါ်ထိုင်ကာရယ်နေကြတော့တာပင်...။

အမြင်ကပ်ကပ်နဲ့ တစ်ချက်သာကြည့်လိုက်ပြီး ဘတ်စကတ်ဘောသာဆော့နေလိုက်တော့သည်...။

"ပန်းလက်ဆောင်ပေးချင်တယ်ဆိုလည်း တခြားဆိုင်ကနေဝယ်ပါလားကွာ မင်းကလည်း...! အခုဟာက ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်နေသလိုပဲ...! အမေဖြစ်သူရဲ့ဆိုင်ကနေပန်းဝယ်ပြီး သားဆီကိုလက်ဆောင်ပေးရတယ်လို့...!"

"အေးလေ...! မွေးနေ့မတိုင်ခင်တုန်းကတော့ သူ ငါ့ကိုအမှတ်ရနေအောင် ဘာလက်ဆောင်ပေးရမလဲဆိုတာ ငါ့ကိုအကြံပေး၊ ဟိုဟာဝယ်ပေးမယ် ဒီဟာဝယ်ပေးမယ်တွေ ကြီးကြီးကျယ်ကျယ်တွေပြောပြီး နောက်ဆုံးကျ လက်ဆောင်ကို အကြွေးနဲ့ဝယ်လာတယ်တဲ့...!"

ဆက်တိုက်ဆိုသလို ထိုးနှက်လို့လာတဲ့ စကားတွေ...။ တခြားနေရာမှာအကူအညီမရပေမယ့် ကိုယ့်ကိုမကောင်းပြောဖို့ဆိုရင်တော့ ဒီနှစ်ကောင်ရဲ့ပါးစပ်က မော်တာတပ်ထားသလိုပင်...။

"ငါလည်း အဲ့အချိန် ငါ့လက်ထဲရှိတဲ့ပိုက်ဆံနဲ့ ခေါင်းထဲဝင်လာတာကို ဝယ်လိုက်တာလေ...! ဘာပဲဖြစ်ဖြစ်သူကြိုက်ရင်ပြီးတာပဲမလား...!"

"မင်း အဲဒီ့လက်ကျန်အကြွေးရော စီနီယာ့အမေဆီဆပ်ပြီးပြီလား....?"

"ဆပ်ပြီးပါပြီနော်...! နောက်နေ့ပဲချက်ချင်းသွားဆပ်လိုက်တယ်....!"

"ဟား...ဟား...ဟား... တော်သေးတာပေါ့...!"

ထပ်ပြီးရယ်လာပြန်တဲ့ ထိုနှစ်ကောင်ကို ဘတ်စကတ်ဘောနဲ့ ပိတ်ပေါက်လိုက်ရင်း....

"တစ်ဖြဲနှစ်ဖြဲရယ်နေတာတွေရပ်ပြီး ဘတ်စကတ်ဘောသာလာဆော့...! မင်းမေကြီးဒေါ်ကာယအချိန်က ကုန်တော့မှာ...!"

First Love (Completed)Where stories live. Discover now