Episode-28 (Final Episode)

6K 488 533
                                    


#Unicode

ဆောင်းရာသီရဲ့လေအေးအေးလေးတွေတိုက်ခတ်သည့်၊ နှင်းမှုန်ကလေးတွေခပ်သဲ့သဲ့ကျနေသည့် ဒီဇင်ဘာလရဲ့ အေးမြသော နေ့တစ်နေ့...။ ကိုယ်တို့နှစ်ယောက်ရဲ့မင်္ဂလာပွဲနေ့ဖြစ်သည်...။

အဖြူရောင် Lily Of The Valley ပန်းလေးတွေနဲ့သာ အလှဆင်ထားသည့် ခန်းမ...။ ခန်းမဝင်ပေါက်မှာတော့ သတို့သားနှစ်ယောက်ရဲ့ pre wedding ဓာတ်ပုံလေးနဲ့အတူ Wedding of Jeon Jungkook & Kim Taehyung ဆိုသည့် signboard လေး...။ ဘေးနှစ်ဖက်မှာ ဧည့်သည်တွေထိုင်ရန် ခုံအဝိုင်းတွေအစီအရီထားရှိပြီး အလယ်မှာတော့ သတို့သားနှစ်ယောက်အတွက် အဖြူရောင် လျှောက်လမ်းလေးက ထိပ်က စတိတ်စင်အထိ ရှည်လျားသည် ...။

အကုန်လုံးပြင်ဆင်ပြီးပြီဖြစ်လို့ မှန်အရှေ့မှာထိုင်ရင်း မြင်နေရတဲ့ကိုယ့်ပုံရိပ်လေးအား ကြည့်လျက် သက်ပြင်းတွေအကြိမ်ကြိမ်အခါခါချနေမိသည်...။ မပြေတပြေဆံနွယ်စလေးတွေဟာ ကိုယ့်နဖူးပေါ် တစ်ချောင်းစ နှစ်ချောင်းစ ကျလို့နေပြီး အဖြူရောင်သတို့သားဝတ်စုံလေးဖြင့် မှန်ထဲက ကိုယ့်ပုံရိပ်...။ မှန်အနားတိုးသွားလိုက်ရင်း မျက်နှာပေါ်ခပ်ပါးပါးတင်ထားတဲ့ မိတ်ကပ်တစ်ခုခုများလိုနေသလားဆိုတာ ကြည့်လိုက် မဟုတ်ရင် ဝတ်ထားတဲ့အင်္ကျီကိုပြန်ပြင်လိုက်ဖြင့် အလုပ်ရှုပ်နေမိတော့တာ...။

တကယ်တော့ လိမ်းထားတဲ့ မိတ်ကပ်ရော ဝတ်ထားတဲ့ဝတ်စုံရော ဘာမှအဆင်မပြေတာမရှိပေ...။ အကုန်လုံး ပြည့်စုံသည်...။ အဆင်မပြေဖြစ်နေတာက ကိုယ်သာ...။

အခုန်မြန်နေလွန်းလို့ ရင်ဘတ်ထဲကနေပေါက်ထွက်သွားမလား ထင်နေရသည့် နှလုံးသားနဲ့အတူ တလှပ်လှပ်လှုပ်ရှားနေတဲ့စိတ်အစဉ်တို့ကြောင့် လူက အငြိမ်မနေနိုင်ဘဲ ဂနာမငြိမ်ဖြစ်နေတာပင်...။

"ကဲ... မှန်ကြီးလည်းပေါက်ထွက်သွားပါဦးမယ် ကင်ထယ်ယောင်းရယ်။ အကုန်ပြည့်စုံပါတယ်ဆို...။ ငြိမ်ငြိမ်လေးထိုင်နေစမ်းပါ...!"

အဆုံးမှာတော့ အနောက်ဘက်ဆိုဖာပေါ်ထိုင်နေတဲ့ အမေ့ဆီက စိတ်မရှည်တဲ့လေသံထွက်လာတော့၏...။ ဘေးမှာတန်းစီပြီးထိုင်နေကြသည့် အဖေနှင့် ဆန်းမင်းတို့ ဟိုဂျွန်းတို့သည်လည်း ကိုယ့်ကိုမျက်မှောင်ကျုံ့ကာကြည့်လျက်...။

First Love (Completed)Where stories live. Discover now