Episode-18

4.1K 438 280
                                    


#Unicode

"ကင်ထယ်ယောင်း... ကိုယ်တို့... တွဲရအောင်...။ ကိုယ့်ကောင်လေးလုပ်ပေးပါ။ ကိုယ် မင်းကို... သဘောကျတယ်... မဟုတ်သေးဘူး... ချစ်တယ်..."

ထိုစကားကိုပြောရင်း ကိုယ့်ကိုကြည့်လာတဲ့သူ့ရဲ့မျက်ဝန်းတွေ....။ နီးကပ်နေတဲ့နှစ်ဦးသားရဲ့အနေအထား...။ အသက်ရှူဖို့တောင်မေ့လို့နေတဲ့ ဒီလိုအခြေအနေကြီးကို မယုံနိုင်စွာ ကိုယ်သူ့အနားကနေခွာရင်း အနောက်ကိုခြေနှစ်လမ်းလောက်ဆုတ်လိုက်မိသည်...။

သူ့အနားမှာဆက်နေရင် ရင်တွေခုန်ရလွန်းလို့ နှလုံးသားတစ်ခုလုံး အပြင်ကိုပေါက်ထွက်လာမလားစိုးရိမ်ရတာမို့...။ နောက်ပြီး ယုံနိုင်စရာမကောင်းတဲ့အခြေအနေကို လိုက်မှီအောင်စဉ်းစားနိုင်ဖို့ ဦးနှောက်နဲ့နှလုံးသားကို ခဏအနားပေးဖို့လည်းပါသည်...။

"တောင်းပန်ပါတယ်...။ ကိုယ် မင်းကိုလန့်အောင်လုပ်မိသွားလား...?"

ရှက်ပြီးဘာစကားမှမပြောတော့တဲ့ကိုယ့်ပုံစံကိုကြည့်ကာ သူကတောင်းပန်လို့လာသည်...။ ကိုယ်ကတော့ သူ့ကိုဘာပြန်ပြောလို့ပြောရမှန်းလည်းမသိ၊ ဘယ်လိုနေလို့နေရမှန်းလည်းမသိဘဲ ခေါင်းကိုသာအတွင်တွင်ငုံ့ထားရင်း သူ့အကြည့်တွေကိုရှောင်နေမိတာ...။

"ဒါပေမယ့်... ဒါက အလွယ်တကူပြောလိုက်တဲ့စကားမဟုတ်မှန်းသိစေချင်တယ်...။ အကြိမ်ကြိမ်ပြောပြဖို့စဉ်းစားခဲ့ပြီး အကြိမ်ကြိမ်ပြောပြဖို့တွန့်ဆုတ်ခဲ့တဲ့စကားဆိုလည်းမမှားဘူး..."

ထိုစကားမှာ ငုံ့ထားတဲ့ခေါင်းကိုမော့လိုက်ပြီး သူ့ကိုမရဲတရဲကြည့်လိုက်မိသည်...။

"ဟုတ်တယ်.... မင်းအပေါ်ထားတဲ့ကိုယ့်ခံစားချက်တွေကို အမှန်အတိုင်း ကိုယ့်ကိုကိုယ်သိပြီးကတည်းက ကိုယ်မင်းကိုဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်။ အခြေအနေမပေးတာတွေ၊ ကြောက်ပြီးတွန့်ဆုတ်ခဲ့ဖူးတဲ့အချိန်တွေလည်းရှိခဲ့ဖူးတာပေါ့..."

"ဒါပေမယ့်... အခုတော့မဖြစ်တော့ဘူး...။ ကိုယ့်ခံစားချက်တွေကို မင်းသိအောင်ပြောပြမှဖြစ်တော့မယ်လေ...။ မဟုတ်ရင် ကိုယ်တို့နှစ်ယောက်လုံး အခုလို စီနီယာ ဂျူနီယာဆက်ဆံရေးမှာပဲပိတ်မိနေလိမ့်မယ်။ ကိုယ် အဲဒါကိုမလိုချင်ဘူး...။ ကိုယ်က မင်းနဲ့အဆင့်တက်ချင်တာ...၊ ချစ်သူရည်းစားဆက်ဆံရေးအဖြစ်နဲ့ပေါ့..."

First Love (Completed)Where stories live. Discover now