သိချင်ပေမယ့်လည်း နင်းမုန့်ယောင်က ယန်ရှိုးအာကို အရမ်းကြီးမကြည့်ပဲနဲ့ သူမပန်းထိုးစရာရှိတာကိုသာထိုးနေလိုက်သည်။

ဒီလိုပန်းထိုးတဲ့အချိန်တိုင်းယန်ရှိုးအာက တောက်ပနေတဲ့မျက်လုံးတွေနဲ့သူမကိုလှမ်းကြည့်တတ်တာကို သူမသိတယ်။ဒါပေမယ့် အပ်ထိုးနည်းတွေကို သင်ယူဖို့ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ယန်ရှိုးအာနားလည်ဖို့လိုအပ်တယ်။

မျှော်လင့်ထားသလိုပဲ နေ့တစ်ဝက်လောက်ကြည့်တာတောင် ယန်ရှိုးအာက ဘယ်လိုလုပ်ရတယ်ဆိုတာ သေချာမသိပေ။

သူမက မေးချင်ပေမယ့် နင်းမုန့်ယောင်ရဲ့ ပန်းထိုးရင်း မျက်နှာတင်းထားတာကိုတွေ့တော့ မေးခွန်းကမထွက်လာပေ။အဲ့ထက်ပိုတာက သူမဘယ်လိုမေးရမလဲ?သူမက တိုက်ရိုက်ပဲ ပန်းကိုဖြည်းဖြည်းထိုး ဒါဆိုငါကြည့်လို့ရတယ်လို့ပြောရမှာလား အဲ့ဒီစကားတွေက သူမစိတ်ထဲတင်းကြပ်လာစေပြီး သူမက အကျယ်ကြီးထုတ်မပြောရဲပေ။

အဲ့ဒီအကြောင်းပြချက်ကြောင့်ပဲ အခုလက်ရှိ ယန်ရှိုးအာရဲ့နှလုံးသားက ကြောင်ကုတ်ခံထားရသလိုဖြစ်နေတာ။သူမ နှလုံးသားထဲမှာ ယားယံနေတယ် ဒါပေမယ့် သူမပါးစပ်ကိုဖွင့်ပြီး မမေးနိုင်ပေ။

သူမနှလုံးသားထဲကနာကျင်မှုကို သူမပဲနားလည်သည်။

နင်းမုန့်ယောင်ရဲ့ မျက်လုံးအောက်ခြေကနေ လှောင်ပြောင်ရိပ်သမ်းသွားသည်။သူမက ယန်ရှိုးအာသူမကိုစိုက်ကြည့်နေပြီး သူမပန်းထိုးတာကိုကြည့်ချင်နေတာ မသိဘူးများထင်နေလား?ဒါပေါ့ သူမသိတယ်လေ ဒီအပ်ထိုးနည်းတွေကိုသင်ချင်တယ်ဆိုရင် သူမရဲ့မျက်လုံးက လိုက်ကြည့်နိုင်လားမကြည့်နိုင်လားဆိုတဲ့အပေါ်မှာလည်းမူတည်သေးတယ်။

တစ်နေ့လယ်ခင်းလုံး သူတို့နှစ်ယောက်ကငြိမ်းငြိမ်းချမ်းချမ်းရှိနေပေမယ့် လေထုကတော့ စိမ်းသက်နေသည်။

ယန်ရှိုးအာက ဆက်သည်းမခံနိုင်တော့ဘဲ မေးဖို့လုပ်တဲ့အချိနိမှာပဲ ရန်လဲ့လဲ့က ရုတ်တရက် စိုးရိမ်နေတဲ့မျက်နှာနဲ့ပြေးဝင်လာခဲ့သည်။

"ယောင်ယောင် ငါ့ကိုကူညီပါဦး!ငါတောင်းဆိုတာပါ ငါ့ကိုကူပါဦး"

ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေးWhere stories live. Discover now