Chapter 17

652 79 1
                                    

Unicode

အန်တီလော်ကကျေနပ်နေသည်။ရန်လဲ့လဲ့ရဲ့ယခုလက်ရှိပန်းထိုးတာကသူမမျက်လုံးထဲမှာအလယ်အလတ်ဖြစ်နေပေမယ့် နင်းမုန့်ယောင်လိုတော်တဲ့ဆရာတစ်ယောက်ရှိတဲ့အတွက် သူမရဲ့ပန်းထိုးစွမ်းရည်ကအချိန်တစ်ခုအတွင်းထူးချွန်လာမှာဖြစ်သည်။သူမကိုဒီအချိန်မှာဆွဲထားလိုက်တာ နောက်ကျရင် သူမ(အန်တီလော်)အတွက်အကျိုးအမြတ်တွေမရနိုင်ဘူးလား?

ရန်လဲ့လဲ့ကသတိပြန်ဝင်လာပြီးနင်းမုန့်ယောင်အန်တီလော်နဲ့ပြောနေတာကိုကြားလိုက်ရသည်။နင်းမုန့်ယောင်ကအန်တီလော်ကိုသူမကိုဂရုစိုက်ပေးဖို့ပြောနေတာဖြစ်ပြီး သူမမျက်လုံးတွေကနီရဲလာခဲ့သည်။

"ယောင်ယောင် ကျေးဇူးတင်ပါတယ်"

"ငါတို့ကသူငယ်ချင်းတွေလေ ဘာလို့ကျေးဇူးတင်နေရမှာလဲ?"နင်အန်တီလော်နဲ့စကားပြောထားနှင့်လိုက် ငါပန်းထိုးရမယ့်အစတွေနဲ့ချည်တွေသွားရွေးလိုက်ဦးမယ်"

နင်းမုန့်ယောင်ကရန်လဲ့လဲ့ကိုအန်တီလော်ရှေ့ကိုဆွဲပို့လိုက်ပြီး သူတို့နှစ်ယောက်ကိုစကားပြောခိုင်းထားကာ သူမကဘေးကိုသွားပြီးရွေးနေလိုက်သည်။

ရန်လဲ့လဲ့ကအရမ်းမြင့်တဲ့ဈေးနှုန်းကိုမတောင်းခဲ့ဘဲအန်တီလော်ဒီလောက်ပေးတာကိုက သူမကိုအံ့အားသင့်စေတယ်။အရင်တုန်းကသူမရောင်းခဲ့ရတဲ့ပန်းထိုးထည်တွေနဲ့ယှဉ်ရင်ဒီဈေးနှုန်းကနှစ်ဆရတာပဲ။

"အန်တီလော် ဒါ...."

"အန်တီလော်ကနင်းမုန့်ယောင်မျက်နှာကိုထောက်ဖို့ဆိုတာ‌မှန်ပေမယ့် လဲ့လဲ့မင်းကိုယ်မင်းယုံကြည်ထားရမယ်။မင်းရဲ့ပန်းထိုးထားတာကဒီဈေးနဲ့ထိုက်တန်တယ်"

ရန်လဲ့လဲ့က စိတ်မငြိမ်မသက်ဖြစ်နေဆဲဖြစ်ကာ

"ဒါပေမယ့်အရင်တုန်းကကျွန်မရဲ့ပန်းထိုးတာကမကောင်းဘူးလို့သူတို့ကပြောကြတယ်"

အန်တီလော်က ရန်လဲ့လဲ့ကိုကြည့်ပြီး ငိုရမလား၊ရယ်ရမလားမသိတော့ပေ။သူမက သူမလက်နဲ့ရန်လဲ့လဲ့ပုခုံးကိုပုတ်ပေးလိုက်ပြီး ပစ္စည်းရွေးနေတဲ့နင်းမုန့်ယောင်ကိုညွှန်ပြလိုက်သည်။

ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေးWhere stories live. Discover now