Chapter 10

767 90 0
                                    

Unicode

အတန်းတွေဖျက်သိမ်းမှာလားဆိုတဲ့မေးခွန်းများပေါ်ပေါက်လာခဲ့သည်။ရန်ကျူးကသူတို့ကိုချက်ချင်းပဲ နင်းမုန့်ယောင်ကကလေးတွေအတွက် စာအုပ်တွေပြင်ဆင်နေပြီဖြစ်တဲ့အကြောင်း အာမခံခဲ့သည်။ရန်ကျူးရဲ့အာမခံချက်နှင့်အတူ အမျိုးသမီးအချို့ကသူတို့အိမ်တွေကနေ ဖရဲသီးတွေယူလာပြီး နင်းမုန့်ယောင်ကိုပေးဖို့သွားကြသည်။သူတို့နင်းမုန့်ယောင်အိမ်ကိုရောက်တော့ နင်းမုန့်ယောင်နဲ့ရန်လဲ့လဲ့ကခြံဝင်းထဲမှာ အလုပ်များနေကြတာကို တွေ့လိုက်ရသည်။စားပွဲတစ်ခုလုံးက စော‌နလေးကမှ အပြီးသတ်ထားတဲ့ စာအုပ်တွေနဲ့ပြည့်နေသည်။

"ဒါတွေအားလုံးကိုနောက်ဆုံးတော့လုပ်ပြီးသွားပြီ"

နင်းမုန့်ယောင်က ကျောဆန့်ပြီး သူမပုခုံးကိုမတ်လိုက်သည်။

"ဟုတ်တယ် နင်ဘယ်တော့စမလဲ"

ဒီရက်တွေအတွင်းမှာ ရန်လဲ့လဲ့ကနင်းမုန့်ယောင်နဲ့ပိုရင်းနှီးလာတယ်။နင်းမုန့်ယောင်ကသူမကို စာလုံးအချို့ကိုလည်းသင်ပေးသေးတယ်။ထိုဟာက သူမကိုအရမ်းပျော်ရွှင်စေတယ်။

နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုပြန်မပြောခင် ခဏလောက်စဉ်းစားလိုက်သည်။

"ဦးလေးရန်ဆီကိုပြန်သွားပြီး မနက်ဖြန်ရွာသားတွေကသူတို့ကလေးတွေကိုခေါ်လာလို့ရပြီလို့ ဦးလေးရန်ကို ပြောခိုင်းလိုက်တော့။သူတို့နာမည်တွေကိုမှတ်ပြီးသွားရင် သူတို့ကိုစာအုပ်တွေဝေပေးရမယ်"

"စာအုပ်တွေအကုန်လုံးလား???"

"မဟုတ်ဘူး သုံးအုပ်ပဲ ၊သူတို့အဲ့ဒါတွေကို သင်လို့ပြီးသွားမှ ကျန်တဲ့စာအုပ်တွေကိုဝေမယ်" နင်းမုန့်ယောင်က သူမခေါင်းကိုရမ်းလိုက်တယ်။သူမက သူတို့ကို မော်ဒန်ခေတ်ကစာသင်နည်းစနစ်နဲ့သင်ဖို့တွေးထားတာဖြစ်တယ်။

ရန်လဲ့လဲ့ကသူမခေါင်းကိုသဘောတူတဲ့အနေနဲ့ငြိမ့်လိုက်တယ်။စာအုပ်တွေအာလုံးကူးဖို့ကအချိန်ယူရတယ်။ကလေးတွေကသာ စာအုပ်တွေကိုလွှင့်ပစ်လိုက်ရင် နင်းမုန့်ယောင်က နောက်ထပ်တစ်ကြိမ်ပြန်ကူးနေရလိမ့်မယ်။အဲ့ဒါလုပ်တာက ဘာအန္တရာယ်မှမရှိဘူးဆိုပေမယ့် သူတို့အချိန်တွေအလကားဖြစ်‌ေစတယ်။

ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေးWhere stories live. Discover now