Chapter 13

716 86 0
                                    

Unicode

"ယောင်‌ယောင် ငါအကြီးကြီးပန်းထိုးနိုင်တဲ့အထိစောင့် အဲ့ဒီအခါကျရင် ငါ့ကိုသင်ပေး ဟုတ်ပြီလား?"

ရန်လဲ့လဲ့က နင်းမုန့်ယောင်ကို မျှော်လင့်ချက်အပြည့်နဲ့ကြည့်လိုက်သည်။

သူမက နင်းမုန့်ယောင်ဆီကနေသေးသေးလေးကအစသင်ယူပေမယ့် အဲ့ဒါတွေကိုကျွမ်းကျင်အောင်မလုပ်နိုင်ပေ။ဒါကြောင့် သူမအခုလုပ်ဖို့လိုတာကကျွမ်းကျင်ဖို့ပဲဖြစ်သည်။သူမကပိုကြီးတဲ့ပန်းထိုးထည်လာတဲ့အခါမှာ တစ်ခြားအပ်ထိုးတဲ့နည်းလမ်းတွေထပ်သင်နိုင်ပြီဖြစ်သည်။

"ကောင်းပြီ"

နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို သင်ပေးဖို့သဘောတူလိုက်တယ် ဘာလို့လဲဆိုတော့ ရန်လဲ့လဲ့နဲ့ယန်ရှိုးအာက မတူညီကြပေ။ရန်လဲ့လဲ့က ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာသိပြီး ယန်ရှိုးအာလို လောဘကြီးကာတစ်ကိုယ်ကောင်းမဆန်ပေ။ယန်ရှိုးအာကတော့ ရသမျှအခွင့်အရေးအကုန်လိုချင်တာဖြစ်ပြီး ရန်လဲ့လဲ့မလုပ်သင့်ဘူးထင်တာကိုသူမကလုပ်သည်။ရန်လဲ့လဲ့က သူမအရင်ကသင်ထားတဲ့အရာတွေကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်သွားမှ အသစ်သင်ပေးဖို့တောင်းဆိုတာဖြစ်သည်။အဲ့ဒါကြောင့်ပဲ နင်းမုန့်ယောင်ကရန်လဲ့လဲ့နဲ့ နက်ရှိုင်းတဲ့သူငယ်ချင်းဆက်ဆံရေးအလိုရှိတာဖြစ်သည်။

ရန်လဲ့လဲ့က နင်းမုန့်ယောင်သဘောတူတာကြားလိုက်တဲ့အခါမှာ နှလုံးသားလေးကပျော်ရွှင်စွာခုန်ပေါက်သွားသည်။

"ဝါး...ဒါကအရမ်းကောင်းတာပဲ"

"‌နောက်တစ်ခါကျရင် နင်ခေါင်းအုံးစွပ်အတွက်တဘက်တွေပန်းထိုးလို့ရပြီ"

အခုချိန်မှာ ရန်လဲ့လဲ့က အ‌‌ေမွှးအိတ်၊လက်ကိုင်ပုဝါနဲ့ တစ်ခြားဟာတွေကိုသာပြုလုပ်နိုင်သေးသည်။ဒါပေမယ့် သူမလက်မှုပညာက လုံလုံလောက်လောက်ကောင်းနေပြီး ခေါင်းအုံးစွပ်ကိုပန်းထိုးဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ပေ။

"ကောင်းတယ်"
နင်းမုန့်ယောင်ကိုပြောတဲ့ရန်လဲ့လဲ့ရဲ့စကားတွေက သံသယဝင်စရာမလိုအောင်ကို ယုံကြည်မှုအပြည့်ဖြစ်သည်။နင်းမုန့်ယောင်ကပြောလိုက်ဖို့ပဲလိုပြီးသူမက ယုံကြည်ပေးမှာဖြစ်သည်။

ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေးWhere stories live. Discover now