Chapter 9

781 89 2
                                    

Unicode

နင်းမုန့်ယောင်က သူမခေါင်းကိုပဲ ငြိမ့်ပြနိုင်တော့တယ်။

"ကောင်းပြီ ဒါဆိုရင်တော့ ကျွန်မရှင်တို့ကို ဒုက္ခပေးရတော့မယ်"

"ဒါက ဒုက္ခမှမဟုတ်တာ၊ဘာမှ ဒုက္ခမဖြစ်ဘူး"

သုံးယောက်လုံးက သူတို့ရဲ့ခေါင်းတွေကို တစ်ပြိုင်တည်းငြိမ့်လိုက်သည်။နင်းမုန့်ယောင်က စကားနည်းနည်းလောက်ထပ်ပြောပြီး ပြန်လာခဲ့သည်။သူမပြန်သွားပြီး သိပ်မကြာခင်မှာပဲ လီမိသားစုက ကောင်လေးနှစ်ယောက်က အိမ်ပြန်ရောက်လာခဲ့သည်။သူတို့အဖိုးက သူတို့တွေနောက်ဆုံးတော့ စာစသင်လို့ရပြီဆိုတာ ပြောလိုက်သည်။

"ဖိုးဖိုး ဒါကတကယ်ပဲလား?" ခုနစ်နှစ်အရွယ် လင်အာက သူ့အဖိုးကို မျှော်လင့်ချက်အပြည့်နဲ့ကြည့်လိုက်သည်။

"တကယ်..အခုရက်ထဲမှာပဲ။မင်းနဲ့ မုလေးက ကောင်းကောင်းနေရမယ်နော် ဟုတ်ပြီလား?" အဘိုးလီက ပြုံးလိုက်သည်။သူ့ရဲ့မြေးအကြီးဆုံးက အရင်ထဲက စာသင်ချင်တယ်ဆိုတာ သူသိတယ်။သူတို့မိသားစုက တစ်ခြားလူတွေထက် ငွေရေးကြေးရေးအဆင်ပြေပေမယ့် သူ့ကို ကျောင်းတော့မပို့နိုင်ဘူး။ဒါပေမယ့် အခုကမတူတော့ဘူး။လင်အာမှာသာ အရည်အချင်းရှိတယ်ဆိုရင် သူ့ကိုကျောင်းပို့ဖို့အတွက် သူတို့အစီအစဉ်တွေလုပ်မှာဖြစ်တယ်။

လင်အာက သူ့ညီလေးကိုကြည့်လိုက်သည်။သူတို့နှစ်ယောက်လုံးက အရမ်းပျော်သွားတာကြောင့် ခုန်ပေါက်နေကြသည်။

"ဒါက အရမ်းကောင်းတာပဲ!!"
တူညီတဲ့မြင်ကွင်းမျိုးက ရွာထဲကအခြားအိမ်‌ေတွမှာလည်းဖြစ်သည်။လူကြီးတွေက ပျော်ရွှင်နေပြီးတော့ ကလေးတွေက မျော်လင့်ချက်များပြည့်နေသည်။

နောက်တစ်နေ့မနက်တွင် ရန်လဲ့လဲ့က သူမရဲ့ပန်းထိုးပစ္စည်းများကိုယူပြီး နင်းမုန့်ယောင်ရဲ့အိမ်ကို သွားသည်။နှစ်ယောက်လုံးက နွားလှည်းစီးပြီး မြို့ကိုသွားကြသည်။

သူတို့မြို့ကိုရောက်တာနဲ့ နင်းမုန့်ယောင်က စာအုပ်အချို့ဝယ်ဖို့ စာအုပ်ဆိုင်ကိုမသွားခင် အရင်ဆုံး ရန်လဲ့လဲ့ကိုအဖော်လုပ်ပြီးတော့ သူမပန်းထိုးထားတာတွေရောင်းပေးပြီး ပန်းထိုးပစ္စည်းတွေဝယ်တယ်။နင်းမုန့်ယောင်က "ဇာတ်ကောင်သုံးမျိုး၊မိသားစုတစ်ရာ၏အမည်များ"၊"စကားလုံးတစ်ထောင်လမ်းညွှန်"၊"ကျောင်းသားများနှင့်တပည့်ကောင်းဖြစ်ဖို့ရာစံနှုန်းများ"၊စတဲ့ လွယ်ကူတဲ့စာအုပ်တွေကို ရွေးချယ်လိုက်တယ်။သူမက စာရွက်အချို့နဲ့ မှင်၊စုတ်တံတွေတောင်ဝယ်ဖို့သွားလိုက်သေးတယ်။

ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေးWhere stories live. Discover now