Chapter 8

813 86 0
                                    

Unicode

လူအုပ်ကြားထဲက ရန်ကျုးသည် နင်းမုန့်ယောင်ကိုမြင်ပြီး ရွာသူရွာသားများကို ရှင်းပြရန်အတွက် အမြန်နှုတ်ဆက်လိုက်သည်။

"မိန်းကလေးမုန့်ယောင် မင်းကတကယ်ပဲ ကလေးတွေကို စာဖတ်တတ်အောင်သင်ပေးမှာလား?"

သူတိူ့ကလေးများသည် စာလုံးများကိုဖတ်တတ်ပြီးရေတွက်နည်းများကိုလည်း သိရှိနားလည်လာကာ အနာဂတ်တွင် သင့်တော်သော လခဖြင့် စာရင်းကိုင်တစ်ဦးဖြစ်လာနိုင်သည်။သူတို့က ထိုအတွေးဖြင့်ပင် စိတ်လှုပ်ရှားနေကြသည်။

"ဟုတ်ပါတယ် ရွာကကလေးတွေကိုသင်ပေးဖို့ ဦးလေးရဲ့ တောင်းဆိုချက်ကို လက်ခံပြီးပါပြီ။ဒါပေမယ့် ကျွန်မသင်ပေးတာက တော်ဝင်စာမေးပွဲ‌မျိုး ဖြေဖို့အတွက်ဆို မလုံလောက်ဘူး။အကယ်၍ ရှင်တို့က ဒါကိုမျော်လင့်ထားတယ်ဆိုရင် သူတို့ကို ကျောင်းထားလိုက်တာအကောင်းဆုံးပဲ"

နင်းမုန့်ယောင်က စိတ်အားထက်သန်မှုမရှိပေမယ့် ရွာသားများကို ရှင်းပြခဲ့သည်။

"ဒါဆို အခကြေးငွေ.."

"အခကြေးငွေယူဖို့ ကျွန်မ အစီအစဉ်မရှိပါဘူး။အဲ့ဒီပိုက်ဆံကို ရှင်တို့ကလေးတွေ လေ့ကျင့်ဖို့အတွက် စုတ်တံနဲ့မှင်တွေဝယ်ဖို့ ဒါမှမဟုတ် စားကောင်းပြီးအာဟာရရှိတဲ့ မုန့်တွေဝယ်သင့်တယ်"

နင်းမုန့်ယောင်က ကလေးတွေရဲ့ မျက်နှာပေါ်က တောင်းတနေတဲ့ အကြည့်တွေကိုကြည့်လိုက်တယ်။သူတို့က နောက်ဆုံးမှာတော့ စကားလုံးတွေကို စတင်သင်ယူနိုင်ပြီဆိုတာ နားလည်သွားပုံရတယ်။

နင်းမုန့်ယောင်ကို မယုံနိုင်စွာကြည့်ပြီး လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

သူမက ဘယ်အခကြေးငွေကိုမှ လက်ခံမှာမဟုတ်ဘူး...ဒီ..ဒါက.

"သမီး၊မင်း..."

"ဦးလေး အဆင်ပြေပါတယ်၊ကျွန်မက ဒါကို အားလပ်ချိန်မှာပဲ လုပ်တာပါ။ကျွန်မတတ်နိုင်သလောက်သင်ပေးမယ်၊အားလုံးက ကျွန်မရဲ့ သင်ကြားမှုကို စိတ်မပျက်ကြဘူးလို့ ထင်ပါတယ်"

နင်းမုန့်ယောင်က နွေဦးရဲ့သန့်ရှင်းတဲ့ လေနုအေးလေးလို လူအုပ်ရဲ့ နှလုံးသားကို နွေးထွေးသွားစေတဲ့ အပြုံးပါးပါးလေး ပြုံးပြလိုက်သည်။

ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေးWhere stories live. Discover now