Chapter 21

585 85 1
                                    

Unicode

ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေး:
Chapter 21

ယန်ရှိုးအာကမသွားချင်ပေမယ့် တစ်ဖက်လူက ရှင်းရှင်းလင်းလင်းပြောလာပြီး သူမ မသွားရင်မရနိုင်တာကြောင့် မည်းမှောင်နေတဲ့မျက်နှာနဲ့အဝေးကိုထွက်သွားသည်။

သူတို့တွေတောင်ခြေဆီကိုလျှောက်သွားတဲ့အချိန်မှာ ရန်လဲ့လဲ့ကသူမခေါင်းကိုလှည့်ကာ ယန်ရှိုးအာကိုကြည့်လိုက်သည်။ယန်ရှိုးအာရဲ့နောက်ကျောကိုကြည့်ပြီး သူမစိတ်ထဲအရမ်းပျော်သွားသည်။

"သေအောင်ဒေါသထွက်အဲ့မှာ"

"ကောင်းပြီ သွားကြရအောင်"

နင်းမုန့်ယောင်ကပြုံးလိုက်ပြီး သူမခေါင်းကိုရမ်းလိုက်သည်။ရန်လဲ့လဲ့က ဒီလိုကိစ္စမျိုးတွေကိုမငြီးငွေ့ပေမယ့် သူမကတော့သိပ်ဂရုမစိုက်ပေ။

ယန်ရှိုးအာကလည်း တကယ်တော့ဒီလိုမျိုးပဲဖြစ်တယ် ဒါပေမယ့် သူမကပိုပြီး လောဘကြီးလွန်းတယ်။

ပျော်ရွှင်စွာပြုံးနေရင်း ရန်လဲ့လဲ့က ဘာမှဆက်မပြောတော့ဘဲ သူတို့တွေက တောင်ပေါ်မှာ အေးဆေးလမ်းလျှောက်ကြသည်။အရင်ရက်တွေက မိုးရွာထားတာကြောင့် တောင်ပေါ်မှာ မှိုအချို့ရှိနေသည်။ထိုဟာတွေကသိပ်တော့မများပေ။ဒါပေမယ့် နေ့လယ်ရောက်တဲ့အချိန်မှာတော့ သူတို့တွေ မှိုကြီးတာတွေကိုခူးနိုင်တာကြောင့် ရန်လဲ့လဲ့ကအရမ်းပျော်သွားပြီး သူမဒီနေ့ ပန်းမထိုးရတာကို စိတ်ထဲမထားတော့ပေ။မှိုကြီးတာတွေကိုခူးနိုင်တာကြောင့် ရန်လဲ့လဲ့ကအရမ်းပျော်သွားပြီး သူမဒီနေ့ ပန်းမထိုးရတာကို စိတ်ထဲမထားတော့ပေ။

နင်းမုန့်ယောင် အစကထင်ခဲ့တာက ဒါတွေကိုသာ ယန်ရှိုးအာတစ်ယောက် တွေ့ကြုံလိုက်ရရင် အချိန်တော်ကြာတဲ့အထိ နောက်ထပ်မလာလောက်တော့ဘူးပေါ့။ဒါပေမယ့် ဘယ်သူသိမှာလဲ ဒုတိယနေ့မနက်မှာပဲ သူမက နင်းမုန့်ယောင်စာသင်နေတုန်းထပ်ရောက်လာခဲ့ပြီး ပန်းထိုးတယ်။နေ့တိုင်းက အဲ့ဒီလိုပဲဖြစ်နေတယ်။

ဒါက နင်းမုန့်ယောင်ကို မျက်ခုံးပင့်သွားစေပြီး သူမစိတ်ထဲမှာ ဒါကရိုးရိုးသားသားမဟုတ်ဘူးလို့ခံစားနေရတယ်။ဘယ်လိုအကြံအစည်တွေ လုပ်ဖို့ကြံနေတာလဲ?

ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေးWhere stories live. Discover now