"ကောင်းဖန် မင်းကငါ့ကို ဒီလိုခေါ်ရဲတယ်ပေါ့"

ကောင်းဖန်သည် တုန်တုန်ယင်ယင်ဖြင့် နောက်ဆုတ်သွားပြီး ခေါင်းကိုငုံ့လိုက်သည်။

သူသည် ကျောရိုးအောက်က အေးစက်သွားသလို ခံစားလိုက်ရပြီး သူ့နောက်ကျောကို ချွေးအေးများဖြင့် ဖုံးလွှမ်းသွားသည်။

ဒါက သူသိတဲ့ သခင်လေးပဲ။

အစောတုန်းက မစ္စရှန်ကို နူးညံ့သိမ်မွေ့စွာပြောနေတာကိုမြင်တော့ သခင်လေးပြောင်းလဲသွားပြီဟု သူထင်ခဲ့မိသည်။

သေချာတာပေါ....ဝံပုလွေက သိုးယောင်​ဆောင်ထားလည်း ဝံပုလွေဖြစ်နေဆဲပင် ဖြစ်သည်။

ရီဂျွန်ချန်း​ပြန်သွားသည်နှင့် ခန်း​ဝေကျန်းသည် အပေါ်ထပ်သို့ အမြန်တက်သွားသည်။ သူမသည် အလွန်လျင်မြန်လွန်းသဖြင့် လှေကားပေါ်မှ နှစ်ခါနီး​လောက်ပြုတ်ကျမလို ​ဖြစ်ခဲ့ရသည်။

ရှန်ယန်ရဲ့ အခန်းတံခါးကို ခေါက်ရန် မေ့သွားပြီး အမြန်ဝင်သွားခဲ့သည်။ ရှန်ယန်က အချစ်ဝတ္ထု ဖတ်နေခြင်းမဟုတ်ဘဲ မိုက်ခရိုသီအိုရီအကြောင်း စာအုပ်အား ဖတ်နေခြင်းကိုတွေ့လိုက်ရတာကြောင့် သူမစိတ်သက်သာရာရသွားခဲ့သည်။ ယန်ယန်က စာအုပ်ကိုစိတ်ပါဝင်စားစွာ ဖတ်နေသောကြောင့် သူမက စိတ်ညစ်သွားပြီး သူမလေးအား ဘေးကနေ မပျော်ရွှင်စွာနဲ့ကြည့်နေသည်။

သူမ အနည်းငယ်စိတ်လှုပ်ရှားစွာ ထိုင်လိုက်ပြီး ဂရုတစိုက်မေးလိုက်သည်။

"ယန်ယန် သမီး သခင်လေးရီကို ဘယ်လိုထင်လဲ"

ရှန်ယန်က စာအုပ်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီ ကျမ်လက်တစ်ဖက်ကို သူမရဲ့ကုလားထိုင်ပေါ် တင်ထားကာ သူမက အေးစက်နေတဲ့အလှလေး ဖြစ်နေသည်။

"သူက ကောင်းတဲ့လူတစ်ယောက်ပါ"

တရားမျှတစွာပြောရမည်ဆိုရင် ထိုသို့သော ရုပ်ရည် အသွင်အပြင်ရှိသောသူသည် လူအုပ်ကြား မည်သည့်နေရာတွင်မဆို ပေါ်လွင်နေမည်ဖြစ်ပြီး သူရဲ့ဖြစ်တည်မှုကို မည်သူမျှ လျစ်လျူရှုနိုင်မှာမဟုတ်ပေ။

သူက ငယ်ရွယ်သေးသော်လည်း သူသိသည့် တကယ့်big shotsကြီးများနှင့်ပင် စိတ်နေစိတ်ထားအရရော ဉာဏ်ရည်ဉာဏ်သွေးအရပါ နှိုင်းယှဥ်နိုင်လေသည်။

ဒါပေမဲ့ ခန်းဝေကျန်းက ဒါကို အထင်မှားနေခဲ့သည်။ သူမက ခဏလောက်ရပ်တန့်သွားပြီး ထပ်ပြောလိုက်သည်။

"မားမားက သမီးရဲ့အချစ်ရေးကို ဆန့်ကျင်မှာမဟုတ်ဘူး ဒါပေမဲ့ သမီး ဒီကိစ္စနဲ့ပတ်သက်ပြီး အလျင်စလိုမလုပ်သင့်ဘူး။ ဒီလိုကိစ္စမျိုးတွေတွေနဲ့ ကြုံတွေ့အခါမှာ သမီးသေချာသတိထားရမယ်။ မကောင်းနဲ့သူနဲ့ လက်ထပ်မိရင် သမီးနစ်နာရလိမ့်မယ်"

"အချစ်ရေးလား?" ရှန်ယန်ပြုံးလိုက်သည်။

"သမီးမှာ ချစ်ဖို့အတွက် အချိန်မရှိဘူး"

သူမသည် အလွန်အလုပ်များပြီး အတတ်ပညာမျိုးစုံကို သင်ယူရင်း အလုပ်ရှုပ်သည်။ ဘယ်လိုလုပ် သူမမှာ ချစ်ဖို့အတွက် အချိန်ရှိနိုင်မှာလဲ။

"ဒါဆို ယန်ယန်က သူ့ကိုသဘောမကျဘူးလား" ခန်းဝေကျန်း၏ မျက်လုံးများက တောက်ပလာသော်လည်း သူမရဲ့ခံစားချက်က အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

ရှန်ယန် အမြန်အိမ်ထောင်ပြုခဲ့မှာကို သူမစိုးရိမ်နေပေမယ့် အခု ရှန်ယန်က ရီဂျွန်ချန်ကိုတောင် စိတ်မဝင်စားတာတွေ့တော့ သူမကပိုလို့တောင် စိုးရိမ်သွားတယ်။ သူမတွေ့ခဲ့ဖူးသော လူငယ်များထဲတွင် ရီဂျွန်ချန်းက အလွန်ချောမောပြီး အထူးချွန်ဆုံးဖြစ်ကာ သူ့ကိုယှဥ်နိုင်မည့်သူမရှိပေ။ ဒါပေမဲ့ အဲ့လိုလူကတောင် ယန်ယန့်ကို မဆွဲဆောင်နိုင်ခဲ့ဘူး။ ဒါဆိုရင် ဘယ်လိုလူမျိုးက အနာဂတ်မှာ သူမ လက်ထပ်မယ့်သူ ဖြစ်မှာလဲ။

မိခင်တစ်ယောက်အနေနဲ့ သူ့မရဲ့သမီးအတွက် အမြဲစိုးရိမ်နေရတယ်။ အဲ့လို့မျိုး မတွေးသင့်မှန်းသူမသိပေမယ့် သူမလည်းမတတ်နိုင်ခဲ့ပါဘူး။

ရှန်ယန်ရဲ့ အဖြေကိုကြားရပြီးနောက် ခန်းဝေကျန်းသည် ရှန်ယန်စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါးတင်ထားစည့် ခေါင်းစည်းကြိုးကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။

"ယန်ယန် သူက သမီးရဲ့ရည်းစားမဟုတ်ရင် ဒီလိုမျိုးတွေ မပေးသင့်ဘူးလေ"


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now