Final Part

4.7K 76 1
                                    

Unicode

''နင်...နင် နီရဲရဲ''

''ဟိုင်း''

သူမကိုလက်ပြကာနှုတ်ဆက်လာသောနီရဲရဲကိုကြည့်ကာခရမ်းအံ့သြပြီးရင်းအံ့သြနေမိ၏။

''နင်က ငါ့အစ်ကိုကောင်မလေးလား''

''အင်းလေ''

ဒေါ်ရတနာက

''ဪ မှတ်မိပြီ သမီးကိုအန်တီမြင်ဖူးပါတယ်လို့ကြည့်နေတာ ဟိုတစ်ခါတုန်းကအန်တီ့သမီးနဲ့အတူပြန်ပေးဆွဲခံရတဲ့ကောင်မလေးပဲ''

''ဟုတ်ပါတယ်အန်တီ''

ခရမ်းကနီရဲရဲရှေ့လျှောက်လာကာ

''ငါနဲ့စကားအရင်ပြောမယ် လိုက်ခဲ့''

ပြောပြီးသူမကအရင်ဆုံးအိမ်ထဲကထွက်လာခဲ့လိုက်၏။
ခြံထဲရောက်တော့

''နင်ဘာသဘောနဲ့ခုလိုလုပ်တာလဲ''

''ဘာကိုလဲ''

''နင်ကငါ့အစ်ကိုကောင်မလေးဖြစ်နေတာကိုပြောတာ''

''ဒီလိုပဲ ငါကြိုက်လို့လေ''

''အပိုတွေ နင်ပွင့်ပွင့်လင်းလင်းပြောစမ်းပါ ဘာရည်ရွယ်ချက်နဲ့လဲ''

''ရှင်းပါတယ် နင့်ကိုလက်စားချေတာလေ''

''ဘာ''

''နင်ကငါ့crushကိုလုယူတယ် ငါကနင့်အစ်ကိုကိုပြန်ယူတယ် ဒါပဲလေ''

''ဒါဆိုနင်ကငါ့အစ်ကိုကိုတစ်ကယ်မကြိုက်ဘူးပေါ့ ဟုတ်လား''

''အဲလိုလည်းမဟုတ်ပါဘူး တွဲလာရင်းနဲ့တဖြည်းဖြည်းလေးနက်လာပါပြီ''

''နင့်စကားကိုခွေးတောင်ယုံမှာမဟုတ်ဘူး''

''ယုံတာမယုံတာနင့်အပိုင်း ဘာပဲဖြစ်ဖြစ် ငါကတော့နင့်အစ်ကိုယူဖို့ဆုံးဖြတ်လိုက်ပြီ အဲတော့နင်ငါ့ကိုတစ်သက်လုံးရိုကျိုးနေဖို့ပြင်ထားလိုက်တော့ နော်ယောက်မလေး''

''ငါကအဲလိုအဖြစ်ခံမယ်ထင်လား နင်ငါ့ကိုဘာတွေလုပ်ခဲ့တယ်ဆိုတာငါ့အစ်ကိုကိုပြောပစ်မယ် အဲကျငါ့အစ်ကိုဘယ်လိုတုန့်ပြန်မလဲကြည့်ရသေးတာပေါ့''

နီရဲရဲကခဏအသံတိတ်သွားပြီးမှ

''နင်မပြောနဲ့ ငါကိုယ်တိုင်ပြောမယ် သူလက်မခံဘူးဆိုရင်ငါထွက်သွားမယ် ပြီးတော့နင်တို့မိသားစုနဲ့နင်တို့ပတ်ဝန်းကျင်ကိုငါထပ်လာမရှုပ်တော့ဘူး လာမပတ်သက်တော့ဘူး''

You've reached the end of published parts.

⏰ Last updated: Mar 28 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော်တင်မြှောက်တဲ့မိဖုရား[Completed]Where stories live. Discover now