Part.11

2.7K 59 1
                                    

Unicode

​ထုံးစံအတိုင်းနောက်ရက်မှာလည်းမုဒိတာခင်ကခရမ်းရဲ့ဆိုင်သို့ရောက်လာပြန်သည်။

ဒီတစ်ခါတော့သူမကခရမ်းရဲ့ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပါ။

''ခရမ်း''

ခရမ်းသူမအားမော့ကြည့်ပြီးမှနေရာမှထကာ

''ရှင်လာပြန်ပြီလား ကျွန်မနာမည်ကိုကရောဘယ်လိုလုပ်သိတာလဲ''

''ခင်ဒီဆိုင်ကိုအရင်ကလာဖူးတယ် အဲတုန်းကသိခဲ့တာ''

''အခုကဘာကိစ္စလဲ''

''ခရမ်းကိုအကူအညီလေးတောင်းချင်တာရှိလို့ပါ''

ခရမ်းမျက်မှောင်အစုံကျုံ့သွားရပြီးမှ

''ဘာအကူအညီလဲ''

''ခင်တို့ဆိုင်တစ်ဆိုင်မှာစကားပြောကြမလား''

''ကောင်းပြီလေ''

သူမတို့shopping centreထဲမှာရှိတဲ့အအေးဆိုင်တစ်ခုမှာပဲဝင်ထိုင်ကာစကားပြောဖြစ်ခဲ့ကြ၏။

''ကဲ ပြောပါဦး ဘာအကူအညီများတောင်းချင်တာလဲ''

ခင်ကတစ်ခုခုကိုကြောက်ရွံ့နေပုံနှင့်

''ဟို ခင်ပြောရင်ခရမ်းကသေချာပေါက်ကူညီမှာလားဟင်''

''ပြောကြည့်ပါ''

''ခင်လေ အိမ်တွင်း...''

မုဒိတာခင်ရဲ့စကားမဆုံးခင်မြင့်မိုရ်ဦးရောက်လာပြီးသူမလက်မောင်းတစ်ဖက်အားဆုပ်ကိုင်ကာ

''ခင် ကိုယ်မပါပဲဘာလို့အပြင်ထွက်တာလဲ ပြန်မယ်လာ''

ခရမ်းထိုလူ့အား​မော့ကြည့်ကာ

''ဒီမှာ ကျွန်မတို့စကားပြောနေတယ်လေ''

''မင်းကဘယ်သူလဲ ငါကခင့်ယောကျ်ား''

ခုနကမုဒိတာခင်ရဲ့စကားကအဆုံးသတ်မသွားပေမယ့်နှစ်ခွန်းလောက်ကြားလိုက်တာနဲ့ဘာဆိုတာခရမ်းသဘောပေါက်ပါသည်။

''ယောကျ်ားဆိုတာနဲ့ပဲသူ့ကိုယ်ရေးကိုယ်တာကိုဝင်စွက်စရာလား''

''မင်းနဲ့မဆိုင်ရင်အသာနေ''

မြင့်မိုရ်ဦးကမုဒိတာခင့်လက်အားဆွဲ၍

ကျွန်တော်တင်မြှောက်တဲ့မိဖုရား[Completed]Where stories live. Discover now