Part.3

3K 68 0
                                    

ခရမ်းရေချိုးပြီးတာနဲ့သူလည်းရေချိုးခန်းထဲဝင်ပြီးရေမြန်မြန်ချိုးလိုက်၏။
သူပြန်ထွက်လာတော့ခရမ်းကတီရှပ်အပွလေးနဲ့ဂျင်းဘောင်းဘီအောက်ကားလေးကိုတွဲဖက်ဝတ်ဆင်ထားပါဆံပင်ကိုလည်းထုံးဖွဲ့ထားလေသည်။

''ဒီအတိုင်းလိုက်မှာလား''

''ဒါပေါ့ လွတ်လပ်ပေါ့ပါးတယ်လေ''

''ဟုတ်ပါပြီ''

သူလည်းအင်္ကျီအမြန်လဲလိုက်ပြီးခရမ်းနဲ့အတူအောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။

အောက်ထပ်ရောက်တော့သူတို့ထမင်းစားခန်းထဲဝင်ခဲ့ချိန်မှာမိန်းကလေးတစ်ဦးကိုတွေ့လိုက်ရ၍တည်စေမျက်နှာပျက်သွားရလေ၏။

''ကိုစေ''

''နီ''

ခရမ်းလ​ည်းထိုမိန်းကလေးကိုတစ်လှည့် တည်စေ့ကိုတစ်လှည့်ကြည့်ကာ

''ဘယ်သူလဲ''

ဒေါ်နန်းခမ်းမေက

''ငါ့မြေးရဲ့သတို့သမီးလောင်းလေ မိန်းကလေးဘယ်လောက်ပီသလဲတွေ့လား မနက်စောစောအိပ်ရာထတာကိုပဲကြည့် သူများတွေလိုနေဖင်ထိုးမှအိပ်ရာထတာမဟုတ်ဘူး''

ဒေါ်ပုလဲဝေရောဦးတည်စေရာပါမျက်နှာပျက်ကာခရမ်းအားအားနာသွားရ၏။

ခရမ်းကလည်းခေသူမှမဟုတ်ပဲ။

သူမကတည်စေ့လက်မောင်းအားခိုတွဲ၍

''သတို့သမီးလောင်းဖြစ်ခဲ့ဖူးသူဆိုပိုမှန်လိမ့်မယ်ထင်တယ်အမေကြီး ဘာလို့ဆိုအခုကျွန်မကကိုကိုတည်စေရဲ့တရားဝင်ဇနီးဖြစ်နေပြီ ပြီးတော့လေ ကျွန်မမိဘတွေကမနက်အစောကြီးသူများအိမ်မလည်ရဘူးလို့ဆုံးမထားတယ်

သူမစကားကြောင့်နီရဲရဲရောဒေါ်နန်းခမ်းမေပါမျက်နှာပျက်သွားရသည်။

''တည်စေ မင်းမိန်းမကိုမင်းမဆုံးမတော့ဘူးလား''

''ဘာဆုံးမစရာလိုလို့ဖွားဖွားရဲ့ ခရမ်းပြောတဲ့ထဲမှာရိုင်းတာလည်းတစ်ခုမှမပါပါဘူး''

ခရမ်းကသူ့လက်မောင်းကိုပိုပြီးဖက်တွယ်ကာ

''ကိုကိုတည်စေ ခရမ်းရောင်နဲ့အနီရောင်ဘယ်ဟာပိုကြိုက်လဲဟင်''

ကျွန်တော်တင်မြှောက်တဲ့မိဖုရား[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ