Part.2

6.9K 144 5
                                    

''ဒေါက် ဒေါက်''

အခန်းတံခါးခေါက်သံကြောင့်သူတို့နှစ်ယောက်လုံးအကြည့်ကတံခါးပေါက်ဆီသို့ရောက်သွားလေ၏။

''အစ်ကိုလေး ဖွားဖွားကြီးပြန်လာပြီ''

ခရမ်းရင်ထဲထိတ်ခနဲဖြစ်သွားလေသည်။

''အေးအေး လာခဲ့မယ်''

သူအသံပေးပြီးဗီရိုထဲကအဖြူရောင်ရှပ်အင်္ကျီနဲ့အနက်ရောင်ဘောင်းဘီအပွလေးအားယူဝတ်လိုက်ပြီးကုတင်ပေါ်မှာထိုင်နေသောခရမ်းလက်ကိုဆွဲယူလိုက်၏။

''သွားကြစို့''

ဘယ်လိုပဲအော့ကြောလန်ပြောပြောခရမ်းနည်းနည်းလန့်သည်။

တည်စေ ခရမ်းလက်ကိုဆွဲပြီးအခန်းထဲမှထွက်လာခဲ့လိုက်၏။
သူတို့အောက်ထပ်ကိုရောက်တော့ခရမ်းလက်ကိုဆွဲထားတဲ့တည်စေနဲ့ခရမ်းအားရွှေရောင်မျက်မှန်တဝင်းဝင်းအောက်ကစူးရဲနေတဲ့မျက်ဝန်းတွေနဲ့ကြည့်လာသောအသက်အမျိုးသမီး တစ်နည်းအားဖြင့်တည်စေမင်းရဲ့အဖွားကိုကြည့်ကာခရမ်းရဲ့သွေးတွေအေးခဲသွားသလိုပင်။

ဒေါ်နန်းခမ်းမေတစ်ယောက်သူ့ရှေ့မှာရပ်နေသောမြေးနဲ့မိန်းကလေးကိုကြည့်ကာ

''မြေး ဒီမိန်းကလေးကဘယ်သူလဲ''

''ကျွန်တော့်ဇနီးပါဖွား''

''ဘာ!''

အသံဟိန်းကြီးနဲ့ထရပ်လိုက်တဲ့အဖွားကြောင့်ခရမ်းလည်းကိုယ်လေးအားမသိမသာဖြင့်တည်စေနောက်ကွယ်လိုက်မိသည်။

''ဇနီး ဟုတ်လား နေစမ်းပါဦး မင်းကဘယ်တုန်းကမိန်းမယူလိုက်တာလဲ''

''ကျွန်တော်ကလောကိုသွားရင်းနဲ့ချစ်ကြိုက်ပြီးလက်ထပ်လာခဲ့တာပါ''

''အမလေးလေး ဘုရားဘုရား''

ဒေါ်နန်းခမ်းမေနားထင်ကိုလက်နဲ့ဖိရင်းဆိုဖာပေါ်ပြန်လဲကျမလိုဖြစ်သွား၍တည်စေရဲ့အဖေနဲ့အမေဖြစ်တဲ့ဦးတည်စေရာနဲ့ဒေါ်ပုလဲဝေကတစ်ဖက်တစ်ချက်စီကထိန်းထားလိုက်၏။

''မေမေရရဲ့လား''

''မင်းတို့သားလုပ်ပုံကိုကြည့်စမ်း တစ်လတည်းတွေ့ခဲ့တဲ့မိန်းမကိုသူဘာကြည့်ပြီးယူလာတာလဲ မိန်းမကောင်းမဟုတ်ရင်ငါတို့မိသားဟးစုအရှက်ကွဲရချည်ရဲ့''

ကျွန်တော်တင်မြှောက်တဲ့မိဖုရား[Completed]Where stories live. Discover now