Part.13

2.4K 49 1
                                    

Unicode

''ဟေ့ကောင်တွေ မြန်မြန်လုပ် videoလည်းသေချာရိုက်ထားဦး''

''အေးပါ''

ခရမ်းနားထဲကြားလိုက်ရတဲ့အသံတစ်ချို့ကြောင့်လူကလွန့်လူးလာပြီးမျက်လုံးကိုအားယူကာဖွင့်လိုက်တော့

''ဟင်''

လူတစ်ယောက်ကသူမကိုယ်ပေါ်ကနေအုပ်မိုးကာအင်္ကျီကြယ်သီးအားတစ်လုံးချင်းဖြုတ်နေတာမို့ခရမ်းအလန့်တကြားနဲ့သူ့ကိုတွန်းလွှတ်ပစ်လိုက်ပြီးအိပ်ရာမှကုန်းရုန်းထကာ

''ရှင်တို့ ရှင်တို့ဘယ်သူတွေလဲ''

''ဟာ...ဟေ့ကောင် သူ့ကိုချုပ်ထားစမ်း''

ထိုလူကသူ့ဘေးကလူအားခိုင်းစေလိုက်တာကြောင့်ခရမ်းသူမနားကပ်လာတဲ့ထိုလူအား​ဗိုက်ကိုဆောင့်ကန်ကာမျက်လုံးကိုလက်နဲ့ထိုးပစ်လိုက်သည်။

''အားး''

''ဒီကောင်မကတော့''

ခုနကသူမကိုယုတ်မာဖို့ကြံနေတဲ့ကောင်ကသူမကိုလက်နဲ့ရွယ်တော့ခရမ်းလ​ည်းသူ့ထက်အရင်ဦးအောင်သူ့ရဲ့ငယ်ပါကိုပါဆောင့်ကန်ပစ်ပြီးကုတင်ပေါ်မှပြေးဆင်းလာလေ၏။

''ဟားး ဒီခွေးမကတော့''

videoရိုက်နေတဲ့ကောင်ကလည်းသူ့လက်ထဲကကင်မရာကိုချကာခရမ်းကိုလိုက်ဖမ်းတော့ခရမ်းလည်းသူ့​ခြေထောက်ကိုတက်နင်းပြီးအနားကစားပွဲပေါ်ကပန်းအိုးကိုဆွဲယူကာသူ့ခေါင်းကိုရိုက်ပစ်ပြီးထိုအခန်းထဲမှထွက်ပြေးလာလိုက်တော့သည်။

သူမအခုရောက်နေတာဘယ်နေရာမှန်းလည်းမသိရပါ။
အိမ်တစ်အိမ်ထဲရောက်နေမှန်းသိပေမယ့်ဘယ်သူ့အိမ်မှန်းလည်းမသိ။

ခုနကကောင်သုံးကောင်ကလည်းမလျှော့သောဇွဲနဲ့သူမနောက်ကနေပြေးလိုက်လာနေကြပြီမို့ခရမ်းလည်းရှိသမျှအားအင်တွေနဲ့ပဲအိမ်ထဲမှအသားကုန်ပြေးထွက်လာလိုက်၏။

ပြေးနေရင်းအင်္ကျီထဲက'လေး'နေ၍လက်နဲ့စမ်းကြည့်မှသူမထဲဖုန်းပါလာတာသတိထားမိသည်။
သူမခြံ​ရှေ့ရောက်တော့ခြံတံခါးကလည်းသော့ခတ်မထားတာကြောင့်အတော်လေးကံကောင်းသွားသည်ပြောရမည်။

ကျွန်တော်တင်မြှောက်တဲ့မိဖုရား[Completed]Where stories live. Discover now