Part.4

2.9K 67 1
                                    

ခရမ်းစကားကြောင့်ဒေါ်နန်းခမ်းမေမှာသွေးတက်ပြီးဆရာဝန်ပါပင့်လိုက်ရတဲ့အထိပင်။

ခရမ်း အဖွားအခန်းရှေ့မှာမျက်နှာငယ်လေးနဲ့ရပ်နေတုန်းအခန်းတံခါးပွင့်လာပြီးတည်စေကအခန်းထဲကထွက်လာလေ၏။

ခရမ်းပြာပြာသလဲဖြင့်...

''အစ်ကို အမေကြီးဘယ်လိုနေလဲ''

''ဘာမှမဖြစ်တော့ပါဘူး အခုအိပ်နေတယ်''

''တော်ပါသေးရဲ့ ခရမ်းတောင်းပန်ပါတယ် ခရမ်းကသိပ်ပြီးသည်းခံနိုင်စွမ်းမရှိဘူး ကိုယ့်ကိုစော်ကားရင်နှုတ်နဲ့ပဲဖြစ်ဖြစ်ကိုယ်နဲ့ပဲဖြစ်ဖြစ်တုန့်ပြန်လိုက်ရမှ''

''စိတ်ထဲမထားပါနဲ့ခရမ်းရယ် ဘာမှမဖြစ်ပါဘူး နောက်ဆိုအဖွားနဲ့ဝေးဝေးသာနေသိလား ဖွားဖွားကလူတစ်ဖက်သားကိုနာအောင်အရမ်းပြောတတ်တာ ခရမ်းကသည်းမခံနိုင်တဲ့အခါပြဿနာတွေမကြီးသင့်ပဲကြီးကုန်မှာစိုးလို့''

''အင်းပါ ခရမ်းလည်းသည်းခံနိုင်သလောက်သည်းခံပါ့မယ် ဘာပဲဖြစ်ဖြစ်ခရမ်းကအပြင်လူပဲဟာ အချိန်တန်ရင်ထွက်''

သူမစကားဆုံးခင်တည်စေကသူမနှုတ်ခမ်းပေါ်လက်ညှိုးတင်ပြီး

''အဲ့စကားကိုလက်လွတ်စပယ်မပြောနဲ့လေ တစ်ယောက်ယောက်ကြားသွားလိမ့်မယ်''

ခရမ်းခေါင်းကိုအမြန်ညိတ်၍

''အင်းအင်း မေ့သွားလို့''

''အင်း နောက်တစ်ခါသတိထားနော်''

''အင်းပါ''

''အခုဖွားဖွားလည်းဘာမှမဖြစ်တော့ဘူးဆိုတော့ခရမ်းစိတ်အေးအေးထားတော့ ဟုတ်ပြီလား''

''ဟုတ်ကဲ့ပါ''

ခရမ်းသက်မလေးအသာချလိုက်၏။​ဒီအိမ်ရောက်တာတစ်ပတ်မပြည့်သေးဘူး ပြဿနာကတက်နေပြီ။နောက်ထပ်ခြောက်လကိုဘယ်လိုသည်းခံရမလဲမသိတော့ပါ။

👑👑👑

ဒေါ်နန်းခမ်းမေတစ်ယောက်ဧည့်ခန်းထဲမှာလမ်းလျှောက်ရင်းပုတီးစိပ်နေတုန်းခရမ်းရောက်လာပြီး

''အမေကြီးကျွန်မကိုခေါ်တယ်ဆို''

''အေး ခိုင်းစရာရှိတယ်''

ကျွန်တော်တင်မြှောက်တဲ့မိဖုရား[Completed]Onde histórias criam vida. Descubra agora