Part.8

2.9K 60 1
                                    

သူမနဲ့တည်စေတို့အိမ်ပြန်ရောက်တော့ဧည့်ခန်းထဲမှာမိန့်မိန့်ကြီးထိုင်နေတဲ့ဒေါ်နန်းခမ်းမေက

''အမလေး ကြွလာကြပြီပေါ့ ခရမ်းရင့် လာစမ်းပါဦးဒီကို''

သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမှဧည့်ခန်းထဲသို့လျှောက်လာခဲ့လိုက်သည်။

''ငါအကုန်သိပြီးပြီခရမ်းရင့် ညည်းကသမီးနီကိုပြဿနာရှာသွားတယ်ဆို''

''ပြဿနာသွားရှာတာမဟုတ်ဘူး ပြဿနာသွားရှင်းတာ အမေကြီးရဲ့သမီးနီကအမေကြီးကိုအကုန်မပြောပြဘူးထင်တယ်''

တည်စေက

''ခရမ်း ဘာတွေဖြစ်ခဲ့တာလဲ''

ဒေါ်နန်းခမ်းမေကဝင်၍

''မင်းမိန်းမအလေနက်တောကသမီးနီကိုပြဿနာသွားရှာပြီးပါးပါရိုက်ခဲ့သေးတာတဲ့''

''ဖွားဖွား ခရမ်းကိုအဲလိုမပြောပါနဲ့ ကျွန်တော်မကြိုက်ဘူး''

''ပြောပါစေ တစ်ချို့စကားတွေကပြောလိုက်တဲ့လူရဲ့အဆင့်အတန်းကိုပြောပြနိုင်စွမ်းရှိတယ်''

''ဘာပြောလိုက်တယ်ခရမ်းရင့်! နင်ကငါ့ကိုအဆင့်အတန်းမရှိဘူးပြောတာလား''

''ကျွန်မအဲလိုမပြောမိဘူးလားလို့ အမေကြီးကိုယ့်ဘာသာပြောတာနော်''

''ခရမ်းရင့်!! နင် အရိုင်းအစိုင်းမ!!''

''အဲ့အရိုင်းအစိုင်းမကအမေကြီးရဲ့​​မြေးချွေးမပါ ပြီးတော့အမေကြီးရဲ့သမီးနီကကျွန်မကိုအရင်ရန်လာစတာ ကျွန်မကိုဆေးခပ်ပြီးလုပ်ကြံလို့ကျွန်မကစာရင်းသွားရှင်းတာဘာဖြစ်လဲ ပါးကလည်းသူကအရင်ရိုက်ဖို့ကြံလို့ကျွန်မကဦးအောင်ဆော်ထည့်ပေးလိုက်တာ ရှင်းပြီလား မရှင်းသေးရင်ထပ်ပြောမယ် ဒီအလေနက်တောမကကျွန်မကိုအရင်ရန်လာမစသရွေ့အဲ့လူကိုမျက်စောင်းတောင်မထိုးဘူး အဟင်း တစ်ချို့ကပိုက်ဆံတော့ချမ်းသာပါရဲ့ အဆင့်အတန်းနဲ့စိတ်ဓာတ်က​တော့ဇီးရိုးပါမကဘူး အနုတ်တွေပါပြလို့''

''တည်စေမင်း! မင်းကြားလား မင်းမိန်းမအဆင့်မရှိတာမင်းမြင်လား''

''ခရမ်းပြောနေပြီပဲဖွားဖွားရယ် သူ့ကိုအရင်ရန်လာစလို့လို့ပြောတာဖွားဖွားလည်းကြားရဲ့သားနဲ့''

ကျွန်တော်တင်မြှောက်တဲ့မိဖုရား[Completed]Where stories live. Discover now