Part.20

2.5K 52 0
                                    

Unicode

မြင့်မိုရ်ဦး သူ့ရဲ့ကားလေးကခရမ်းတို့အိမ်ရှေ့မှာဖြစ်သလိုထိုးရပ်လိုက်ပြီးကားပေါ်မှအမြန်ဆင်းကာအိမ်ရှေ့ကဘဲလ်အားအဆက်မ​ပြတ်နှိပ်လိုက်၏။

တစ်အောင့်နေတော့အိမ်အကူမိန်းကလေးတစ်ဦးကထွက်လာပြီးခြံရှေ့ရောက်လာကာ

''ဘယ်သူနဲ့တွေ့ချင်လို့လဲ''

''ခရမ်းရင့်နဲ့တွေ့ချင်လို့''

''ရှင်ကဟိုနေ့ကအိမ်လာတဲ့တစ်ယောက်မလား မမ​လေးကအိမ်​ပြန်မလာသေးဘူး ဆိုင်မှာပဲရှိဦးမှာ''

''ဘယ်ဆိုင်လဲ''

''××××shopping centreကသူ့အင်္ကျီဆိုင်မှာလေ ဆိုင်နာမည်က××××''

သူချက်ချင်းပဲကားပေါ်ပြန်တက်ပြီးနေရာမှမောင်းထွက်လာခဲ့လိုက်၏။

ဂျစ်တူးမအိမ်ထဲဝင်လာတော့ဒေါ်ပုလဲဝေက

''ဘယ်သူလဲဂျစ်တူးမ''

''ဟိုနေ့ကအိမ်ကိုအလည်လာတဲ့အန်တီရဲ့သားလေ သူကမမလေးကိုလာရှာတာ''

''ဪ ဘာများဖြစ်လို့ပါလိမ့်''

ထိုစဥ်ဧည့်ခန်းထဲကဖုန်းကမြည်လာ၍​ဒေါ်ပုလဲဖုန်းသွားဖြေလိုက်တော့တစ်ဖက်ကဆက်လာသူကရတနာဖြစ်နေလေသည်။

''ဟဲလို ပုလဲ''

''ဪ ရတနာ ပြော''

''ငါ့သားနင်တို့ဆီလာလား''

''အေး ငါနဲ့တော့မတွေ့လိုက်ရဘူး ခရမ်းကိုလာရှာတာတဲ့''

''အေး ပုလဲ နင့်ချွေးမကငါ့သမီး''

''ဟင် ဘာ ဘာရယ် ခရမ်းကနင့်သမီး''

''ဟုတ်တယ် အခုနင့်ခမည်းခမက်တွေငါ့ဆီရောက်နေတယ် ငါသေချာအတည်ပြုပြီးပြီ ခရမ်းကငါ့သမီးလေးပဲ''

''ဟယ် ကံတရားကအဲလောက်ဆန်းကြယ်ရလား နင်နဲ့ငါကအခုအမျိုးတော်သွားပြီပေါ့''

အပေါ်ထပ်ကဆင်းလာတဲ့ဒေါ်နန်းခမ်းမေကဒေါ်ပုလဲနားရောက်လာပြီး

''ဘယ်သူလဲ''

ဒေါ်ပုလဲကဒေါ်ရတနာအား

''အေး ဒါပဲနော် ငါပြီးမှပြန်ဆက်လိုက်မယ်''

ကျွန်တော်တင်မြှောက်တဲ့မိဖုရား[Completed]Where stories live. Discover now