Part.7

3.1K 67 0
                                    

နောက်နေ့မနက်မိုးလင်းလို့ခရမ်းအိပ်ရာကနိုးတော့လူတစ်ကိုယ်လုံးနာကျင်နေပြီးလူကလှုပ်ပင်မလှုပ်နိုင်။

''ဘာဖြစ်တာလဲဟ''

သူကခန္ဓာကိုယ်အောက်ပိုင်းကလည်းသိသိသာသာနာကျင်ကျိန်းစပ်နေတာ​ကြောင့်ခရမ်းကိုယ်ပေါ်ကစောင်ကိုဖယ်ကြည့်တော့သူမကိုယ်ပေါ်မှာအဝတ်အစားတွေရှိမနေတော့တဲ့အပြင်သူမရင်သားမှာလည်းအနီရောင်အမှတ်အသားတွေနဲ့။

ခရမ်းစိတ်အေးအေးထားပြီးစဥ်းစားကြည့်တော့သူမအတွေးထဲပုံရိပ်အချို့ကဖြတ်ပြေးလာပြီးညကဘာတွေဖြစ်ခဲ့လဲဆိုတာရှင်းရှင်းလင်းလင်းသိလာရလေသည်။

''ဟင်!!''

သူမဘေးကိုကြည့်လိုက်တော့တည်စေကမှောက်ခုံကြီးအိပ်ပျော်နေပြီးသူ့ကျောပေါ်မှာလဲကုတ်ရာတွေနဲ့။

ခရမ်းစောင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးအိပ်ရာမှအားယူထကာတည်စေ့လက်မောင်းအားကိုင်လှုပ်၍

''ဟေ့လူ...ဟေ့လူ...တည်စေမင်း!''

သူမခပ်ဆောင့်ဆောင့်ခေါ်လိုက်မှသူကအိပ်ပျော်နေရာမှဆတ်ခနဲလန့်နိုးလာပြီး

''အင်းခရမ်း ခရမ်းနိုးပြီလား''

''လူယုတ်မာ ရှင်ကျွန်မကိုမဒိန်းကျင့်တယ်''

သူမစကားကြောင့်တည်စေအိပ်ချင်မူးတူးဖြစ်နေတာတောင်မှပျောက်သွားပြီးအိပ်ရာမှချက်ချင်းထကာ

''ခရမ်းဘာတွေပြောနေတာလေ ကိုယ်ခရမ်းကိုအတင်းအဓမ္မလုပ်တာမှမဟုတ်တာ ခရမ်းပဲအရင်တောင်းဆိုတာလေ''

''ညကကျွန်မဘာဖြစ်သွားလဲမသိဘူး ဘာလို့အဲလိုတွေပြောမိလဲမသိဘူး ဒါပေမယ့်ရှင်ကဘာလို့စည်းမစောင့်တာလဲ ရှင်ဒါသက်သက်ယုတ်မာတာ''

''ကိုယုတ်မာတာမဟုတ်ဘူးခရမ်း ကိုယ်စောင့်ထိန်းသင့်တာကိုမစောင့်ထိန်းမိတာမှန်ပါတယ် ဒါပေမယ့်ကိုယ်မင်းကိုပိုင်ဆိုင်ချင်စိတ်ကပိုများသွားလို့ပါ''

''ဘာ!!''

''ကိုယ်နီရဲရဲကိုမယူချင်လို့မင်းကိုလိမ်ညာပြီးရောဂါသည်အဖိုးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့လပိုင်းလောက်ပဲကူညီပေးပါလို့ပြောခဲ့တာမှန်ပေမယ့် ကိုယ်မင်းကိုလည်းအစကတည်းကသဘောကျမိလို့မင်းကိုကိုယ့်အနားခေါ်ထားချင်ခဲ့မိတာလည်းပါတယ်''

ကျွန်တော်တင်မြှောက်တဲ့မိဖုရား[Completed]Onde histórias criam vida. Descubra agora