1-14

55 5 0
                                    

အခန်း၁၄

ကုတင်ပေါ်တွင် အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေသော သကောင့်သားအား ဦးလင်းသူရခါးထောက်ကာ ကြိတ်နိုင်ခဲမရ ကြည့်နေသည်။

သူနဲ့ သူ့လုပ်ငန်းပါတနာ တစ်စုတို့ အကျိုးတူပူးပေါင်းမည့် တဖက်လုပ်ငန်းရှင်က KTVကို ခေါ်ချလာခဲ့သည်မှာ သူတို့ပင် ငြင်းချိန်မရှိလိုက်။ ပြီးတော့လည်း ဘာမှ မယ်မယ်ရရပြောဆို ဆွေးနွေးသည်မရှိပဲ သူ၏အရေးမပါသောကိစ္စများကိုသာအချိန်ပေးနေသည်။ ထိုသို့သောလူများကို လုံးဝသဘောမကျပေ။ သူ၏လုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုကြောင့်သာမဟုတ်ရင် သူဒီအလုပ်ကိုဖျက်သိမ်းလိုက်တာကြာပြီ။ အဲ့ဒီကတည်းက အဆင်မပြေလာတဲ့စိတ်ကို လောင်စာလာထည့်တာသကောင့်သား။

လူပုံအလည်မှာ ယောက္ခထီးဖေဖေ ဆိုပြီး
အကျယ်ကြီးအော်ခေါ်ပြီး ဖက်ငိုလာသည်။ သူ့ပါတနာတွေကလည်း ရယ်ချင်ပက်ကျိမျက်နှာဖြင့် သူ့ကိုကြည့်လာတာကြောင့် ရှက်ရှက်နဲ့သူလည်း ထိုကောင့်ကိုဆွဲထိုးမိလိုက်သည်။ သူသောက်ထားတဲ့အရှိန်နဲ့ရော ထိုးလိုက်တဲ့အားပြင်းပြင်းကြောင့်ရော မှောက်သွားလို့ အခုသူ့ကိုယ်ပိုင်တိုက်ခန်းလွတ်တစ်ခုမှာ လာထားထားရသည်။

တိုက်ခန်းလွတ်ဆိုတာကလည်း သူ့အိမ်သားနဲ့စိတ်ကောက်တိုင်း ဒီမှာလာနေနေကျမို့။ နောက်တော့ သူမှမဟုတ် သူ့အိမ်သားရော မွေးထားတဲ့သားတွေကပါ တစ်ခုခုပြဿနာဖြစ်တာနဲ့ ဒီမှာလာနေကြရော။

"ဟင်း ငါတော့အိမ်ပြန်မှပါ" သူပြန်ဖို့ထဖို့ပြင်လိုက်တော့ သူ့ကိုဆွဲထားသည့် အားတစ်ခုကြောင့် ထရပ်မလိုပြင်နေရမှ ပြန်ထိုင်လိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ အိပ်ပျော်နေသောသူက သူ့အပေါ်ထပ်ကုတ်အကျီကိုဆွဲထားတာကြောင့်  ခပ်တင်းတင်းကြည့်လိုက်သည်။ ပြီးတော့ ဆွဲထားတဲ့လက်ကို အကြမ်းပတမ်းဆွဲယမ်းလိုက်သော်လည်း လက်တို့က မြဲမြဲကိုင်ထားနေသေးသည်။

"ဟေ့ကောင် လွှတ်စမ်း မင်းပထွေးလို့မှတ်နေလား"

ဦးလင်းသူရ မာန်လိုက်တော့ ထိုကောင်ကမျက်နှာတို့ မဲ့ကျသွားကာ ပြိုတဲ့မိုးမျက်နှာဖြင့်
သူ့ကိုမော့ကြည့်ကာ လက်တို့ကတော့ အကျီကိုဆွဲထားရာမှ မလွှတ်ပေးသေးပေ။

You've reached the end of published parts.

⏰ Last updated: Mar 28 ⏰

Add this story to your Library to get notified about new parts!

ဦးလင်းသူရသွေးတက်နေပြီ!!Where stories live. Discover now