Chapter1-1

336 15 0
                                    

တီ...တီ...တီ
နေခဖုန်းမြည်သံကြောင့် အိပ်နေရာမှာနိုးလာရသည်။ကုတင်ဘေးရှိ စားပွဲခုံပုပေါ်တွင် အားသွင်းထားသောဖုန်းကို ဆွဲယူလိုက်သည်။

"ဟဲလို"
"ခ လား"
"ဟေ့ကောင် မင်းဆက်တာ ငါ့ဖုန်းလေ ငါမဟုတ်လို့ မင်းပထွေးလာကိုင်ရမှာလား"
"ဟ စကားအဖြစ်ပြောတာလေကွာ ခွေးသား စောစောစီးစီး အကုသိုလ်"
"ဟာ ထားလိုက်တော့ ဘာပြောမလို့ဆက်တာလည်းပြော"
"မင်း လုပ်ပြန်ပြီလား အဲ့တာကြောင့်ငါမင်းကိုမယုံတာ ဒီနေ့ စနေနေ့လေ "

နေခပြူးတူးပြဲတဲဖြင့် ဖုန်းမှ dateကို အမြန်ကြည့်လိုက်ရသည်။ဟုတ်သားပဲ သူဟိုကောင် ယသော်လင်းဟန်နဲ့တွေ့ဖို့ချိန်းထားသည်ပဲ။ယသော်လင်းဟန်ဆိုသည့်အကောင်မှာ ဘယ်သူ့မှမဟုတ် သူ့ချစ်သူကောင်လေး။သူတို့အလုပ်နားရက် စနေနေ့တိုင်း ၉နာရီတွင် တွေ့ဖို့ သူတို့အတူသတ်မှတ်ထားကြတာပင်။အဲ့တာကလည်း schedule အရသာဖြစ်သည်။မဟုတ်ရင်သူတို့အလုပ်ပုံတွေထဲ ခေါင်းနစ်နေတတ်လို့ နှစိဦးသဘောတူ အနားယူရန်သပ်သပ်တွေးမိပြီး ဒီလိုစီစဉ်ခဲ့ခြင်းဖြစ်သည်။သူမနေ့က အလုပ်ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး စုံစမ်းရင်း အိပ်ရာဝင်နောက်ကျသွားခဲ့ရသည်။ထို့ကြောင့် အရမ်းအိပ်ပျော်မိသွားပြီး alarmသံကိုပါမကြားမိတော့တာဖြစ်သည်။ ဒါပေမဲ့လည်းနည်းနည်းလောက်ပြန်ပြောလိုက်ရမှ နေသာထိုင်သာရှိမည်လေ။

"ဟေ့ကောင် စောက်ပိုတွေမလုပ်နဲ့  ချိန်းထားတဲ့နေရာကိုရောက်ပြီမလို့လား အိမ်မှာပဲနေပြီး လေကျယ်မနေနဲ့ မင်းအကြောင်းလည်းငါသိပြီသား"
"ငါလည်းမင်းအကြောင်းသိလို့ အိမ်ကမထွက်သေးတာ ဒီနေ့တော့အခုထိအိပ်ရာထဲမှာပေါ့"
"ဟုတ်တယ် ငါရေချိုးလိုက်ဦးမယ် ပြီးရင်
ဆိုင်မှာတွေ့မယ် ဒါပဲ"
နေခဖုန်းအမြန်ချပြီး ရေချိုးဖို့ပြင်လိုက်ရသည်။ သူမြန်မြန်သွက်သွက်လုပ်နေမိသည်။ဟိုကောင်စောင့်နေရမှာစိုးလို့တော့မဟုတ်ဘူး သူသာအချိန်နောက်ကျရင် အဲ့ကောင်ရဲ့ပြောမဆုံးပေါင် တောသုံးထောင်စကားတွေနားမထောင်ချင်လို့။သူရေချိုးပြီးထွက်လာတော့ ဘေးဘက်ကတန်းမှာဖယ်ထားပြီးသား အကျီအစုံလိုက်ကိုယူဝတ်လိုက်သည်။သူဒါကို ယသော်နဲ့တွေ့မယ့်အချိန်တိုင်းကြိုရွေးထားတတ်သည်။

ဦးလင်းသူရသွေးတက်နေပြီ!!Where stories live. Discover now