1-5

92 10 2
                                    

အခန်း-၅

"ဥက္ကဌ ကျွန်တော်တို့ကို ခေါ်တယ်ဆိုလို့"
နေခရော ယသော်ပါဥက္ကဌရုံးခန်းထဲသို့ရောက်နေကြသည်။ဒီတစ်ခါလုပ်ပေးရမယ့်ပွဲက Mနိုင်ငံ့ဗိုလ်ချုပ်ကြီးရဲ့ လက်ထပ်ပွဲ။
"ကိုယ် မင်းတို့ကိုခေါ်လိုက်တာကတော့ မင်းတို့သိပြီးသားဖြစ်မယ့်အကြောင်းတစ်ခုပါပဲ
ဗိုလ်ချုပ်ကြီးရဲ့မင်္ဂလာဆောင်ကိစ္စရယ် ပြီးတော့အရင်လကတည်းက လစ်လပ်နေရာမှာအသစ်ပြောင်းလာတဲ့ ဒါရိုက်တာနဲ့ပါမိတ်
ဆက်ပေးချင်လို့ မင်းတို့နဲ့ကောင်းကောင်း
မိတ်မဆက်ရသေးဘူးလို့ကြားတယ် မင်းတို့ကလည်းအလုပ်ကိစ္စဘာညာအတွက်
အပြင်ရောက်နေတာလည်းများတယ်လေ ပွဲအတွက်ကတော့ clientနဲ့သေချာဆွေးနွေးဖို့
ဗိုလ်ချုပ်အိမ်တော်ကိုသွားရလိမ့်မယ် အဲ့တာ
မင်းတို့ team နှစ်ခုလုံးကိုသေချာတာဝန်ပေး
ချင်လို့ခေါ်ပြောလိုက်တာ သေချာလေးပူး
ပေါင်းပြီး အမှားယွင်းမရှိစေနဲ့ "
ဥက္ကဌစကားပြောနေစဉ် တံခါးခေါက်သံကြားရပြီး သက်လတ်ပိုင်းအရွယ်ယောကျာ်းတစ်ယောက်ဝင်လာကာ
"ကိုဇွဲဟိန်းမာန် လာဗျာ ကျွန်တော် သူတို့နဲ့
ခင်ဗျားကို မိတ်ဆက်ပေးချင်လို့"
"ဒါကအသစ်ရောက်လာတဲ့ ဒါရိုက်တာ
နာမည်ကဇွဲဟိန်းမာန်တဲ့ မင်းတို့ဒီပွဲရဲ့ report တွေအကုန်သူ့ဆီပဲတင်ရမှာ
နောက်တော်တော်များများကိုလည်း
သူနဲ့ပဲဆက်လုပ်သွားရတော့မှာ"
"ကျွန်တော် ဇွဲဟိန်းမာန်ပါ ဒီအတောတွင်း
အချင်းချင်းကူညီကြရအောင်ပါ ကိုယ့်
အသက်က အိုဗာဖော်တိ (40)ဖြစ်နေပြီဆိုပေမဲ့ ဦးလို့တော့တပ်မခေါ်စေချင်ဘူးဗျာ နုသေးတယ်မလား"သူရယ်ရင်းပြောရင်းဖြင့် လက်ကမ်းပေးလိုက်သည်။
နေခကအရင်ဦးဆုံးလိုက်ရယ်မိကာမိတ်
ဆက်ဖို့အတွက်လက်ဆွဲနှုတ်ဆက်လိုက်သည်။ထို့နောက်ယသော် သူပါမိတ်ဆက်
လိုက်သည်။

"နေခသူရပါ  အဖွဲ့၂ ရဲ့ အဖွဲ့မှူးပါ"
"ယသော်လင်းဟန် အဖွဲ့၁ကပါ" ယသော်အနေထားတစ်ခုဖြင့် ဝတ်ကျေတန်းကျေမိတ်ဆက်လိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော်မှတ်ထားလိုက်ပါ့မယ် အခုတော့ကျွန်တော့်ကိုခဏခွင့်ပြုကြပါဦး သားကိုကျောင်းကြိုရမယ့်အချိန်မို့ပါ"
ဥက္ကဌမှ
"သွားပါ သွားပါ ရုံးလည်းဆင်းနေပြီပဲ"
"ဟုတ်ကဲ့ ခွင့်ပြုပါဦးဗျာ" သူ နေခတို့ ၂ယောက်ကိုပါကြည့်ပြီး ပြုံးပြကာထွက်လာခဲ့သည်။ ဓာတ်လှေကားစောင့်ရင်းဦးဇွဲဟိန်းမာန်တွေးနေမိသည်က .....
အဲ့နေ့က အာ...ဟိုခရမ်းချဉ်သီးနဲ့ ငရုတ်သီးအတွဲပဲ

တစ်ဖက်မှာတော့-
"မင်းတို့၂ယောက်ကရော ဘယ်ချိန် ဗိုလ်ချုပ်အိမ်တော်ကိုသွားမှာလဲ ငါကြိုအကြောင်းကြားပေးထားမလို့ ပွဲကတော့လိုပါသေးတယ် လကုန်လောက်မှ သူတို့ကကြိုစီစဉ်ထားချင်လို့တဲ့"
နေခမှ
"ကျွန်တော်တို့လည်း ဘာတွေကြိုပြင်ထားရမလဲသိအောင် မနက်ဖြန်ပဲသွားတွေ့လိုက်မယ် ဥက္ကဌ"
"ဟုတ်ပြီ ငါ မနက်၁၀နာရီလို့ပြောထားလိုက်မယ် ရုံးဆင်းချိန်လည်းရောက်ပြီဆိုတော့ သွားကြတော့လေ"
"ဟုတ်ကဲ့ ဥက္ကဌ"
သူတို့၂ယောက်လုံး ရုံးခန်းထဲကထွက်လာကြပြီး ကော်ရစ်ဒါသို့အရောက် ယသော်မှ
"ငါ့ကားနဲ့ပဲသွားမယ်လေ မင်းကိုငါလာခေါ်လိုက်မယ် လမ်းထိပ်မှာပဲစောင့်လိုက်မယ်"
"အင်းပါ"
"နေခ မင်းမေ့မနေနဲ့နော် တစ်ယောက်တည်းထွက်သွားမနေနဲ့"
"ငါသိပါတယ်"
နေခပြောပြီးလျှောက်ထွက်လာခဲ့သည်။

ဦးလင်းသူရသွေးတက်နေပြီ!!Where stories live. Discover now