1-9

67 9 2
                                    

အခန်း-၉

"ဒါဘာတွေဖြစ်နေကြတာလဲ! ထစမ်း နေခသူရ ငါ့အိမ်ကိုဘယ်ကလေကဝတွေ ခေါ်တင်ထားတာလဲ"
သူတို့ပြန်လာတော့ ခြံတံခါးတွေလည်းသော့မခတ်ပဲ ဟောင်းလောင်းမို့ ပြောဖို့တက်လာမှ ပိုသွေးတက်ရသည့်ကိန်းဆိုက်နေသည်။

နေခ နားထဲကို ဖေ့ဖေ့ရဲ့အသံကျယ်ကျယ်
တိုးဝင်လာသည့်အတွက် အိပ်နေရင်းမှ ပြူးပြူးပြဲပြဲထထိုင်လိုက်မိသည်။
"ဖေဖေ "
"အေး နေခသူရ အတတ်ကောင်းတွေ
သိပ်တတ်နေတယ်ပေါ့ ငါမရှိတဲ့ချိန် မင်းအကောင်ကိုခေါ်အိပ်တယ်ပေါ့ ဟုတ်လား!!"

ဖေဖေ့ရဲ့ဒေါသအရမ်းထွက်နေတဲ့ပုံစံကြောင့် သူဘာလုပ်လို့လုပ်ရမှန်းမသိကာ ဖြေရှင်းချက်ပေးဖို့ဆိုတာလည်း စကားလုံးတွေကလည်ချောင်းဝကကို တိုးထွက်မလာပါ။
"ဘေးက မင်းအကောင်ကို နှိုးစမ်းပါဦး ကုလားသေကုလားမောအိပ်နေတာများ သူ့အဖေလင်အိမ်မှတ်နေလားမသိဘူး"

ဘေးမှ ဖြန်ဖြေပေးရန်လိုက်လာသော
ဦးအာရုဏ်ဦးမှ
"စကားကိုဘယ်လိုတွေပြောနေတာလဲ ဆုံးမမယ်ဆိုလည်း သေသေချာချာအကျိုးကြောင်းပြောပြလေ သားက မင်းရွယ်တူသူငယ်ချင်းမဟုတ်ဘူး"

ထိုအပြောကြောင့် အနည်းငယ်
စိတ်လျော့ချလိုက်ပြီး နေခကတော့ ဘေးမှ အခုထိ စောင်ခေါင်းမြီးခြုံကာအိပ်နေသော ယသော်ကိုနှိုးရသည်။

"ယသော် ဟေ့ကောင်ယသော်ထဦး
ထဦးလို့ဆိုနေ"
ထိုအခါမှ အိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်ပြီး နေခဘက်သို့လှည့်ကာ
"ခခလေး အာဘွား" ဟုဆိုကာ နေခပါးလေးကိုမွခနဲနမ်းလိုက်သည်။ နေခလည်းယသော့်လုပ်ရပ်ကြောင့် မျက်လုံးပြူးမျက်ဆန်ပြူး
ဖြစ်သွားကာ စိတ်ကိုတည်ငြိမ်အောင်မနည်းလုပ်ထားရသော ဦးလင်းသူရကတောဘ ဘေးကစင်ပေါ်ရှိမီးအိမ်ကိုဆွဲဖြုတ်ကာ
"ခွေးသား ငါ့အိမ်ပေါ်တက်ပြီး ငါ့သားကိုများ
မင်းသေပြီပဲ!!"
ထိုအသံကြားမှပဲ ယသော်လည်းအခြေနေကို
သတိထားမိသွားသည်။သူတကယ်ကို
ယောက္ခထီးဖေဖေကို မမြင်မိတာ။အစက
မနက်စောစောထပြန်ဖို့လုပ်ထားပေမဲ့ ညကလည်း သောက်ထားတဲ့အရှိန်ကြောင့်လူကလည်းနှုံးနေသည့်အတွက် အရမ်းကိုအိပ်ပျော်မိသွားသည်။
"ဖေဖေ! မလုပ်ပါနဲ့"
"ဦးလင်းသူရ လက်လွန်မယ်နော်"
နေခက ယသော်ရှေ့ကဝင်ကာလိုက်ပြီး ဦးအာရုဏ်ဦးမှ ဦးလင်းသူရလက်အားဆွဲထားလိုက်သည်။ဦးအာရုဏ်ဦးကပဲ ကြားကဝင်ရပြန်သည်။

ဦးလင်းသူရသွေးတက်နေပြီ!!Where stories live. Discover now