Part1-12

104 7 2
                                    

အခန်း၁၂

ယသော် နေခနှင့်မတွေ့တာ တော်တော်ကြာပြီဖြစ်သည်။ နေခမှအတွေ့မခံဘူးဆိုပိုမှန်မည်။ သူ ထိုနေ့ပြီးကတည်းက နေခနှင့်သေချာစကားပြောရန်ကြိုးစားမိနေသည်။ နေခက
ပုံမှန်ဆိုပြဿနာတစ်ခုဆီကနေရှောင်ပုန်း
တတ်သူမဟုတ်ပေ။ အခုလို ခါးခါးသီးသီး
ဖြစ်တာမျိုး သူတကယ်မကြုံဖူးတော့
ဘာလုပ်လို့လုပ်ရမှန်းကိုမသိဖြစ်နေသည်။

ဖုန်းဆက်ရင် ပိတ်ထားပြီး ရုံးမှာလည်းအတွေ့မခံ။ အလုပ်ရုံးခန်းကိုတောင် သူနှင့်မတွေ့အောင်ပြောင်းပစ်သည်။ သူတို့ကုမ္ပဏီကတိုက်မြင့်နှစ်လုံးကို အလယ်မှ ဆက်ထားပြီး 'H' ပုံသဏ္ဌာန်တည်ဆောက်ထားခြင်းဖြစ်သည်။
ခခက ဟိုဘက်တခြမ်းကိုပြောင်းသွားပြီး ဟိုနွားအိုကြီးနှငိ့ ကပ်ရပ်ဖြစ်သွားသည်။ သူပြောင်းဖို့ပြောတော့ ဥက္ကဌကနေရာလွတ်မရှိတော့ဘူးဟုဆိုသည်။

ခခကျတော့ ဟိုလူနှင့် ယခုပူးတွဲလုပ်ကိုင်နေသော အလုပ်အတွက် ဟိုကူးဒီကူးနှင့် အချိန်မကုန် အဆင်ပြေစေရန် ယခုကဲ့သို့စီစဉ်ပေးလိုက်ခြင်းဖြစ်ကြောင်းပြောလာသည်။ သူအဲ့ဘက်ရုံးခန်းကိုသွားတွေ့တိုင်းလည်း အပြင်ရောက်နေသည်ကများသည်။

ရုံးဆင်းချိန်စောင့်နေလည်း ပျောက်သွားတတ်ပြီး ခခတို့အိမ်လမ်းထိပ်မှာစောင့်နေလည်း သူ့ကိုဘယ်လိုရှောင်ကွင်းနေလည်းမသိ အခုထိကိုမတွေ့ရ။ ကြာတော့ သူရူးချင်လာပြီ။

ယောက်ဖလေး လရောင်သူရကိုဆက်သွယ်ရအောင် သူက overseaရောက်သွားတဲ့အတွက် အကူညီတောင်းရန်က ဖုန်းကိုင်ပေးဖို့ပြောပေးရုံကလွဲကျန်တာမတတ်နိုင်။ အိမ်ဖုန်းဆက်ချင်ပေမဲ့လည်း ယောက္ခထီးတို့ကို သူတို့အဆင်မပြေကြောင်းမသိစေချင်နဲ့ သူတကယ် အထုခံရတဲ့ကြေးစည်ကြီးလို ချာလပတ်ရမ်းနေပြီ။ အခုသူတို့လက်ထပ်ဖို့စီစဉ်နေကြောင်းသာ အသိပေးထားသည့်အတွက် သူတို့ကြားတစ်ခုခုဖြစ်နေမှန်းသိသွားပါက ယောက္ခထီးဖေဖေစိတ်ပြောင်းသွားမှာလည်းကြောက်ရသေးသည်။

ဒါပေမဲ့ ဒီနေ့တော့မရဘူးမှတ်။ နေခရုံးခန်းမှာကိုမတွေ့မချင်းထိုင်စောင့်ပြမယ်။ ညအိပ်စောင့်သင့်ရင် ညပါအိပ်စောင့်ပစ်မယ်။ ယသော်လင်းဟန်ကွ။ သူကြုံးဝါးရင်း ခခရုံးခန်းရှိရာသို့ သွားရင် ဓာတ်လှေကားခလုတ်ကိုနှိပ်လိုက်သည်။

ဦးလင်းသူရသွေးတက်နေပြီ!!Where stories live. Discover now