1-11

65 7 0
                                    

အခန်း၁၁

သူနေ့လည် shopping mallကပြန်လာပြီး
ကတည်းက အခန်းအောင်းပြီး ခေါင်းထဲလည်းကိစ္စတစ်ခုကိုပဲ ထပ်ကာထပ်ကာ တွေးနေမိသည်။

'သူနဲ့အဲ့ကလေးမက ဘာလဲ ဘယ်အဆင့်တွေရောက်နေကြတာလဲ မဖြစ်နိုင်ဘူး
ယသော်လင်းဟန်ကအဲ့လောက်ငယ်တာလေးနဲ့တွဲမှာမဟုတ်ပါဘူး'

'ဒါပေမဲ့လည်း ပြောမရဘူးလေ ကောင်မလေးကလည်းချစ်စရာလေး အကြိုက်ပြောင်းသွားတာမျိုးလား ...
တောက်!! ယသော်လင်းဟန်'

သူတွေးရင်းတွေးရင်း ခေါင်းတွေပါပူထူလာပြီး ရင်ထဲလည်းမီးဟုန်းဟုန်းတောက်သလိုပူလောက်နေသည်။ ဒီခံစားချက်မျိုး သူနဲ့ယသော် တွဲလာတဲ့တစ်လျှောက် မကြုံဘူးသလို သော်လင်းဟန် သူမသိပဲ အခြားသော
တစ်ယောက်နှင့် ကိုယ်ရေးကိုယ်တာ
လျှောက်သွားတာမျိုးလည်း သူမကြုံခဲ့ဖူးပါ။ အခုချက်ချင်း ယသော်လင်းဟန်အိမ်သွားပြီး ခြေထောက်နှစ်ချောင်းကိုကိုင်ပြီး ဆွဲသာဖြဲ
လိုက်ချင်တော့သည်။

"ခွေးသား နွားအိုမြက်နုကြိုက်တဲ့ကောင်"

သူရေရွတ်ပြီး ဒေါသတစ်ဖန်ပြန်ထွက်လာသောကြောင့် ကုတင်ပေါ်က ဖက်ခေါင်းအုံးတွေအားလုံး အောက်သို့သာလွှင့်ပစ်လိုက်တော့သည်။ အချိန်ကိုက်ပင် ဘေးရှိ
စင်ပေါ်တွင်တင်ထားသော သူ့ဟန်းဖုန်းမှ ဖုန်းသံကိုကြားလိုက်ရသည်။

ယသော်လင်းဟန်တော့ဖြစ်ဟန်မတူ ဘာလို့ဆို သူ့ကိုဘလော့ထားတာမို့ပင်။ သူကောက်
ကိုင်ကြည့်လိုက်တော့ unknown numberဖြစ်နေသည်။ သူလည်း သိချင်စိတ်
ဖြင့်ဖုန်းကိုလက်ခံလိုက်သည်။

"ဟဲလို"
.....
"မင်း... ဘာကိစ္စလဲ ငါ့မှာမင်းနဲ့ပြောစရာစကားမရှိဘူး"
.......
"ဘာ မင်းကဘယ်လိုသိ..."
.........
"မင်းကဘာဖြစ်တယ်"
.......
"ကောင်းပြီ ငါလာခဲ့မယ်"

"ဒေါက်...ဒေါက်...ဒေါက်"
"ကိုကိုခ ပါးပါးကထမင်းစားဖို့လာခဲ့တော့တဲ့"

သူလည်း ဖုန်းချပြီးတော့ အနည်းငယ်
ငေးငိုင်နေချိန် အငယ်လေးအသံကိုကြားလိုက်
ရမှ သတိဝင်ပြန်ဝင်လာကာ အော်ပြောလိုက်ရသည်။

"အေးအေး အငယ်လေး ကိုကိုခဏနေဆင်းခဲ့မယ်လို့"

မိုးဦးသူရလည်း ပြန်ဖြေသံကြားကြားချင်းနောက်သို့လှည့်ကာ အောက်သို့သာဆင်းသွားလိုက်သည်။ လှေကားအောက်ကနေ ပြုံးစိစိမျက်နှာပေးဖြင့် တက်လာသော လရောင်သူရမှ အငယ်လေးကိုတွေ့တော့

ဦးလင်းသူရသွေးတက်နေပြီ!!Where stories live. Discover now