1-10

69 7 0
                                    

အခန်း၁၀

နေခတစ်ယောက် ရုံးပိတ်ရက်ဖြစ်တာကြောင့် ခြံထောင့်နားလေးမှာထိုင်နေသည်။ ခြံပြင်မှာ
စိုက်ထားတဲ့ ပိတောက်ပင်က ခြံအတွင်းထိပါကိုင်းကျနေ၍အရိပ်ရသည်။ဖေဖေကိုယ်တိုင် အဲ့နားကို လသာဆောင်ပုံစံ အမိုးလေးဖြင့် သေချာဆောက်ပေးထားသည်။ ဆေးအဖြူရောင်လေးသုတ်ထားကာ စားပွဲဝိုင်းအဖြူ
ထိုင်ခုံအဖြူလေးတွေဖြင့် သန့်ရှင်းလှပလွန်းနေသည်။ လသာဆောင်ရဲ့တိုင်လုံးလေးတွေမှာ နွယ်ပငိလေးတစ်မျိုးပျိုးထားပြီး ပန်းသေးသေးလေးတွေလည်းပွင့်နေသည်မှာ အရမ်းကိုပနံသင့်သည့်အလှပင်။သူတို့မိသားစုနယ်မှာအလှူလုပ်ဖို့သွားတုန်းက တွေ့ခဲ့ရတဲ့
အပင်လေးကို အဲ့ကနယ်ခံသားတွေအကူညီဖြင့်အိမ်ကိုသယ်ယူလာပြီး ပါးပါးကစိုက်ပျိုးထားခြင်းဖြစ်သည်။ ပါးပါးရဲ့ ဝါသနာအရရော professional အရရောကြောင့် အိမ်မှာ ပန်းမျိုးစိတ်လေးတွေတော်တော်များများရှိသည်။

သို့ပေမဲ့ အပူမိနေသော နေခတစ်ယောက်မှာ ဘာကိုမှလည်းမမြင်နိုင် ဘာကိုမှလည်း
မခံစားနိုင်။ဟိုတစ်နေ့က ကိစ္စအပြီး ပါးပါးကလက်ထပ်ဖို့ကို ထပ်ပြီးပြောလာသည်။ပါးပါးကတော့ သူတို့ခဏစိတ်ဆိုးစိတ်ကောက်တာပဲထင်နေသည့်အတွက်သူဖေဖေကိုတော်တော်လေးစည်းရုံးထားရသော
လက်ထပ်ဖို့ကိစ္စကို မလွဲသွားစေချင်ကြောင်းလည်းပြောလာသည်။ အရင်ကဆိုရင်တော့ ခံစားမှုတစ်မျိုးမျိုးရှိနေနိုင်ပေမယ့် အခုကတော့ စိတ်ရှုပ်ခြင်းသာကြီးစိုးနေသည်။

ပြီးတော့ သူ့မှာကလည်း
"ယသော်လင်းဟန် ငါ့ကျ ဘာဖြစ်သလေးနဲ့လေး ညာဖြစ်သလေးနဲ့ သူ့ကျ ဟိုကလေးမနဲ့ခြေရှုပ်နေပြီးတော့ ခွေးသားလေး"

"မျက်မှောင်ကြီးကြုတ်ပြီး ဘာတွေပွစိပွစိပြောနေတာလဲ လူအိုလေး"

သူနားသို့ တစ်လှမ်းချင်းလျှောက်လာရင်း အော်ပြောလာသော လရောင်သူရ။ ဘုရားသခင်ကသူ့ကိုအရမ်းချစ်ပုံရသည်။ခေါင်းရှုပ်မယ့်ကိစ္စတွေကိုပဲ တပုံတခေါင်းကြီးပေးနေသည်။ ဒီအညှောင့်ကောင်နဲ့မတွေ့ချင်လို့ပတ်ပြေးနေလည်း တည့်တည့်ကိုဆုံပေးသည်။ ရှုတင်တွေကြား ဟိုပြေးဒီပြေးလုပ်နေတဲ့ကောင်က ဒီလို ဖဲ့နှိမ်ပြောရမယ်ဆို ဘယ်ကနေဘယ်လိုအားလပ်ချိန်တွေရကုန်လဲမသိ။

ဦးလင်းသူရသွေးတက်နေပြီ!!Where stories live. Discover now