1-6

84 9 2
                                    

အခန်း၆

"Glory Rose" အိမ်ရာဝန်းအတွင်းထဲရှိ လုံးချင်းအိမ်လှလှလေးများထဲမှာ တစ်ခုအပါဝင်ဖြစ်တဲ့ခရမ်းပြာရောင်တိုက်လှလှလေးရှေ့သို့ Audi TT ခဲရောင်ကားတစ်စီးရပ်လိုက်သည်။ကားသံကြားသည်ထင် အထဲမှ စုံတွဲတစ်တွဲထွက်လာကာ-
"နေခ မင်းကလည်းနောက်ကျလိုက်တာကွာ လူတောင်စုံနေပြီ"
"မြတ်ဘုန်းပြည့် ခွေးသားရယ် အလုပ်ဖွင့်တဲ့ကြားရက်ကြီးကို ခေါ်တာဘယ်ကောင်တုန်း အားယားနေတယ်များမှတ်နေလား"
မြတ်ဘုန်းပြည့် သူ့ဘေးက မိန်းမချောလေး ပန်းတော်ဝင်ကို ပုခုံလေးဖက်ပြီး နေခနှင့်စကားပြောရင်းအိမ်ထဲသို့ဝင်လာသည်။မြတ်ဘုန်းပြည့်နှင့် ပန်းတော်ဝင်က ဘီတာ စုံတွဲလေးပင်။သူတို့ တက္ကသိုလ် တတိယနှစ်တွင်စတွဲကာ သိပ်မကြာသေးခင်ကမှလက်ထပ်ခဲ့ကြခြင်းဖြစ်သည်။
"ဟော့ကောင် ယသော်ရော အတူတူမလာဘူးလား"
"မလာဖြစ်ဘူး သူ့ဟာသူလာမယ်ထင်တယ်"
ထမင်းစားခန်းသို့အဝင်တွင် လူစုံတက်စုံတွေ့လိုက်ရသည်။သူတို့သူငယ်ချင်းတွေ စုစုပေါင်း ခြောက်ယောက်ပင်။ အစက မြတ်ဘုန်းပြည့်ရယ် ယသော်ရယ် သူရယ် မင်းမခရယ်က ကျောင်းစတက်ကတည်းကခင်ဖြစ်ကြသည်။ နောက်တော့သူတို့ကောင်မလေးတွေရတော့ လူငယ်အချင်းချင်း အဖွဲ့ကျသွားပြန်သည်။သူတို့အကုန်လုံးကတော့ တကယ့်သူငယ်ချင်းအရင်းခြာတွေပင်။

"နေခ ငါတို့ဘယ်တော့စားရမှာလဲ မင်းတို့အတွဲက ဘာကြောင့် ဒီလောက်အချိန်တွေဆွဲနေရတာလဲ"
လောလောလတ်လတ် အိမ်ထောင်ကျထားသော မြတ်ဘုန်းပြည့်က သူ့ရဲ့အတွေ့ကြုံတွေကိုမျှဝေချင်နေဟန်ပါပဲ။

မင်းမခမှဝင်ပြီး

" ဒီတိုင်းလေးပဲလည်း ကောင်းပါတယ်ကွာ လွတ်လွတ်လပ်လပ်ရှိတာပေါ့"

ပန်းတော်ဝင်မှ သူ့အတွက် ရှမ်းတို့ဟူးနွေးပြင်ပြီးလာချပေးသွားသည်။သူကတော့ တူကိုဖောက်ပြီး ခေါကိဆွဲစားရင်း သူတို့စကားဝိုင်းကိုနားထောင်နေခဲ့သည်။

မြတ်ဘုန်းပြည့်မှဆက်ပြီး
"ဘာလဲ မင်းက ကလေး၂ယောက်နဲ့ တစ်
ဗိုက်ဆိုတော့ မူးချင်မော်ချင်တာမျိုးဖြစ်နေပြီလား"
"အေးကွာ တကယ်ဆို ငါ့မှာ အပြင်မှာထွက်ပြီး နေပူစပ်ခါးထဲသွား ကျောက်ဝိုင်းတွေထဲကကျောက်သူဌေးတွေဆီ ရှိသမျှသွားအကုန်ဖြဲပြီး အလုပ်ဖြစ်အောင်ကြိုးစားနေရတာ အိမ်ပြန်ရောက်နားမယ်ဆိုတော့ ကလေးကဆူ အိမ်ကမိန်းမကလည်း နားပူနဲ့ကွာ"
"မင်းမခ မင်းကလည်း မင်းအပူတွေကဒီ
တောင်လာဟပ်တယ် ငါတို့ကပူပူနွေးနွေးလေးယူကာစရှိသေးတယ် ပျော်တုန်းကွ"
"ပျော်ထား သားကြီးရေ ဒီအချိန်မှာဝအောင်သာပျော် နောက်တော့မှ မျက်ရည်လေးနဲ့အနှီးလျှော်နေပေါ့ကွာ ဟားဟား"
"ဒါကတော့ အိမ်ထောင်ဦးစီးတို့ကျင့်ဝတ်အဖြာဖြာပေါ့ကွာ"
အကုန်လုံး 'ဝါး'ကနဲ ပွဲကျသွားသည်။

ဦးလင်းသူရသွေးတက်နေပြီ!!Donde viven las historias. Descúbrelo ahora