Part 35.1

912 161 4
                                    

အခန်း ၃၅(အပိုင်း ၁)

ဦးလေးဟောင် ပြောခဲ့တဲ့စကားနဲ့ပတ်သက်ရင်တော့ ချန်ယန်က လက်ရှိမှာ ကျောင်းနားထားတယ်။ သူ့နဲ့အဆက်အသွယ် ပိုရှိတဲ့ သူ့ရဲ့အတန်းဖော်တွေက အလုပ်သင်ဆင်းတာ ဒါမှမဟုတ် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေကြတာ ဖြစ်နိုင်တယ်လို့ သူ တွေးမိတယ်။ အဲ့တာကြောင့် သူ့အမြင်အရတော့ နောက်နှစ် သူ ကျောင်းပြန်တက်တဲ့ချိန်အထိ စောင့်ရလိမ့်မယ်။

ဦးလေးဟောင်က အဲဒီလိုပြောခဲ့ပေမယ့် ထပ်ပြီးတော့ အတင်းမတိုက်ဘူး။ သေချာ တွေးကြည့်တော့ တကယ်ဆိုရင် ဒီလိုမျိုး တွန်းအားပေးရုံနဲ့ အဆင်မပြေဘူးဆိုတာလည်း သူ တွေးမိတယ်။ သူတို့ ဘယ်လောက်ပဲ ကြိုးစားအားထုတ်နေပါစေ သူ့သားအငယ်က စိတ်မဝင်စားပါဘဲ ပြတ်ပြတ်သားသား ငြင်းလိုက်ရင် သူတို့ရဲ့အားပမ်းထုတ်မှုက အလဟသ သက်သက်ဖြစ်သွားလိမ့်မယ်။

မင်္ဂလာပွဲကို အမျိုးသားနေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး ရှဲ့ရန်ရဲ့လက်ထောက် ကျိုးဟွေ့က သီးခြားကိစ္စရပ်တွေအတွက် အပြည့်အဝ တာဝန်ယူပေးထားတယ်။ ချန်ယန်က အ၀တ်အစားလိုမျိုး ရိုးရှင်းတဲ့အရာတွေ အတွက်ပဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ ချန်ယန်က စမ်းဝတ်ကြည့်ပြီးတဲ့နောက်မှာ အပြောင်းအလဲအချို့ ပြုလုပ်ခဲ့တယ်။

မင်္ဂလာပွဲတည်နေရာအတွက် ကျိုးဟွေ့က ဓာတ်ပုံတွေအများကြီး ပို့ပေးလာခဲ့ပြီး ရှဲ့ရန်ရဲ့‌ရွေးချယ်မှုက ချန်ယန်ရဲ့အကြိုက်အပေါ် အခြေခံတယ်။ ချန်ယန်က မင်္ဂလာဆောင်မြင်ကွင်းတွေအတွက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရှုပြီး မြက်ခင်းပြင်မင်္ဂလာပွဲတစ်ခုကို ရွေးချယ်ခဲ့တယ်။

‌ချန်ယန် ရွေးချယ်ပြီးတဲ့နောက်မှာ လက်ထောက်ကျိုးဟွေ့က ဟိုတယ်ကို ချက်ချင်း ဆက်သွယ်လိုက်တယ်။ တကယ်တော့ အဲ့ဟိုတယ်ကိုလည်း ရှဲ့ရန်က ပိုင်ဆိုင်တယ်။ အမျိုးသားနေ့အတွက် မြက်ခင်းပြင်ကို ဖယ်ထားပေးဖို့ ဟိုတယ်တာဝန်ခံကို အကြောင်းကြားထားပြီး ပြင်ပဧည့်သည်တွေကို ဝင်ခွင့်မပြုဖို့ ကြိုမှာထားလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now