Part 9 (1/2)

957 142 0
                                    

အခန်း ၉ ချိန်းတွေ့တာလား? (၁/၂)

နံနက်ခင်းအချိန်က အံ့သြစရာကောင်းလောက်အောင် မြန်မြန်ကုန်ဆုံးသွားတယ်။

ချန်ယန်နဲ့ရှဲ့ရန်တို့က ကျယ်ဝန်းပြီး မြင့်မားတဲ့နေရာက လက်ရန်းတွေကို မှီကာ သက်သောင့်သက်သာ ရပ်နေကြပြီး ပင်လယ်လေကို ခံစားရင်း ပင်လယ်ပြင်ကို ကြည့်နေခဲ့ကြတယ်။

ထို့နောက် သူတို့နှစ်ယောက်က အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်ရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ကို သွားလိုက်ကြတယ်။ ကော်ဖီဆိုင်ရဲ့ နေရာတိုင်းက မီးရောင်တွေကြောင့် နွေးထွေးနေပြီး လိမ္မော်ရောင် မီးလေးတွေက လင်းလက်နေတာကြောင့် ပတ်ဝန်းကျင်လေထုက သက်တောင့်သက်သာဖြစ်နေတယ်။

အဲဒီမြင်ကွင်းကမသိရင် သူတို့နှစ်ယောက် ချိန်းတွေ့နေသလိုပါပဲ။

Dateလို့လည်း ပြောလို့ရနိုင်တယ်။ ချန်ယန်က ကော်ဖီကို မှာထားပြီး ကော်ဖီနဲ့ အချိုပွဲတွေက ခဏကြာတဲ့အထိ မရောက်လာသေးတာကြောင့် သူက တစ်ဖက်လူကို စိုက်ကြည့်နေလိုက်တယ်။ သူ့အခန်းထဲမှာတုန်းက ချန်ယန်က နည်းနည်းကျဥ်းကျပ်နေပုံရတယ်။ အပြင်မှာ လူတွေရှိနေတာကြောင့် ချန်ယန်က သူ့အခန်းမှာထက် ပိုပြီး သက်တောင့်သက်သာရှိနေတယ်။

အမျိုးသားရဲ့ မျက်နှာသွင်ပြင်က သုံးဖက်မြင်ဖြစ်ပြီး၊ သူ့မျက်နှာက အေးစက် တင်းမာနေတယ်၊ မျက်ခုံးမွှေးတွေက ဓားရှည်လို စူးရှနေပြီး မျက်လုံးတွေက ကြယ်ပွင့်လေးတွေလို ဖြစ်နေတယ်။ ဘယ်ဘက်ကနေပဲ ကြည့်ကြည့် သူက အရမ်းကို ချောမောခန့်ညားလွန်းနေတယ်။

ထိုပုံစံ ထိုရုပ်သွင်၊ ရင်ဘတ်ကြွက်သားတွေနဲ့ ခါးပေါ်က လှပတဲ့ ဝမ်းဗိုက်ကြွက်သားတန်းနှစ်တန်းတို့က မက်မောဖွယ်ကောင်းနေတယ်။ သူက သူ့ကိုယ်သူ တစ်ဖက်လူရဲ့အသွင်အပြင်လိုမျိုး ဖြစ်ချင်ပေမယ့် အဲ့တာက ရုပ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်နိုင်တယ်။ ချန်ယန်ရဲ့ အသားအရေက တောက်ပတဲ့ နေရောင်အောက်မှာတောင် ညိုညစ်မနေဘူး။

ချန်ယန်က မျက်တောင်မခတ်ဘဲ ရှဲ့ရန်ကို စိုက်ကြည့်နေတယ်။ ရှဲ့ရန်က ရုတ်တရက် မေးလိုက်တယ်။ "မင်း ဘာတွေကြည့်နေတာလဲ"

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now