Part 26.2

806 128 4
                                    

အခန်း ၂၆ (အပိုင်း ၂)

ချန်ယန်ကို အံ့အားသင့်နေတုန်းမှာပဲ သူ့ဘေးနားကလူက ချန်ယန်ကို လှမ်းတွန်းပြီး သတိပေးလိုက်တယ်။ ချန်ယန်က သူ့နှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်ပြီး တံတွေးတစ်ချက်မျိုချလိုက်တယ်။ ကျန်တဲ့လေးယောက်က စင်မြင့်ပေါ်ကို အရင်လျှောက်သွားခဲ့တာကြောင့် ချန်ယန်က နောက်ဆုံးကနေ လျှောက်လာလိုက်တယ်။

စင်ပေါ်တက်လာပြီးနောက် လူပေါင်းများစွာက သူနောက်မှာ ရပ်နေသလို ခံစားလိုက်ရတယ်။

အခမ်းအနားကို ကူညီပေးနေတဲ့ အနီရောင် ချီဖောင်ကို ၀တ်ဆင်ထားတဲ့ မိန်းခလေးတွေက ဆုတံဆိပ်တွေကို သယ်ဆောင်ပြီး စင်မြင့်ပေါ်ကို ရောက်လာကြတယ်။ ရှဲ့ရန်က ဆုတံဆိပ်တွေကို တစ်ယောက်ပြီးတစ်ယောက် ပေးအပ်နေပြီး သူတို့ရဲ့ ဆုအတွက် ဂုဏ်ပြုစကားပြောပေးနေတယ်။

နောက်ဆုံးလူဖြစ်တဲ့ သူ့ဇနီးလေး အလှည့်ရောက်တဲ့ အခါမှာတော့ ရှဲ့ရန် ရဲ့အမူအရာက ရုတ်တရက် နူးညံ့သိမ်မွေ့မှုတွေနဲ့ ပြည့်နှက်လာတယ်။

ရှဲ့ရန်က ဆုတံဆိပ်ကို ချန်ယန်ဆီကို လှမ်းပေးလိုက်တယ်။ ချန်ယန်က လှမ်းယူလိုက်တဲ့အခါ ရှဲ့ရန်က ချန်ယန်ရဲ့လက်ချောင်းလေးတွေကို မတော်တဆ ထိမိသွားတယ်။ ချန်ယန်ရဲ့ မျက်လုံးတွေ တင်းမာလာပြီး ရှဲ့ရန်ကို ချက်ချင်း စိုက်ကြည့်လာတယ်။

ရှဲ့ရန်က သဘာဝအတိုင်း ဉာဏ်ကောင်းတာကြောင့် စင်ပေါ်မှဆင်းပြီး ရှေ့ဆုံးတန်းရဲ့ အလယ်မှာ ရှိနေတဲ့ ထိုင်ခုံလွတ်မှာ ထိုင်နေလေတယ်။

ချန်ယန်က နောက်ခုံကို ပြန်လာခဲ့တယ်။

နောက်ပိုင်းမှာ အခြားဆုတွေ ပေးနေပြီး သီဆိုကပြ ဖျော်ဖြေတာတွေကို နောက်ဆုံးပိုင်မှာ စီစဥ်ထားတယ်။ ဖျော်ဖြေမယ့်သူတွေကို ငှားရမ်းခ မပေးရအောင် ပြင်ပကနေ မငှားဘဲ တိုက်ရိုက် ထုတ်လွှင့်တဲ့ ပလက်ဖောင်းက ထုတ်လွှင့်သူတွေကို ဖော်ဖြေစေခဲ့တယ်။

ဆုပေးပွဲ အခမ်းအနားက သုံးနာရီနီးပါး ကြာခဲ့ပြီး အခမ်းအနားအပြီးမှာတော့ ထုတ်လွှင့်သူတွေအားလုံးကို ဘေးနားက စားသောက်ဆိုင်ကြီးတစ်ဆိုင်ကို ဖိတ်ခေါ်ခဲ့ပြီး ညစာစားပွဲကို ထိုစားသောက်ဆိုင်ရဲ့ ဒုတိယထပ်မှာ ကျင်းပပေးခဲ့တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWaar verhalen tot leven komen. Ontdek het nu