Part - 5

1.2K 165 0
                                    

အခန်း ၅ ပေါင်ပေါ်မှာထိုင်

ချန်ယန်က တုန်လှုပ်သွားပြီး မျက်လုံးတွေပြူးသွားကာ သူ့ကို နမ်းနေတဲ့ သူ့ရှေ့က လူကို ရုတ်တရက် တွန်းထုတ်လိုက်မိတော့တယ်။ တစ်ဖက်လူက အဲ့တာကို မျှော်လင့်ထားပုံရပြီး ချန်ယန် မတွန်းရသေးခင် နောက်ပြန်ဆုတ်သွားတယ်။

"ခင်ဗျား..." ချန်ယန်က စကားပြောလိုက်တာနဲ့ သူ့အသံက အက်ရှနေတာကို တွေ့လိုက်ရတယ်။ သူ ရုတ်တရက် စကားပြောတာကို ရပ်လိုက်တယ်။ သူ့အမူအရာက သိသိသာသာ တုန်လှုပ်သွားပြီး မယုံနိုင်ဖြစ်နေပုံရတယ်။

သူ ရှဲ့ရန်နဲ့ တွဲကြည့်ဖို့ စိတ်ကူးယဉ်ခဲ့ပေမယ့် အခြေအနေက ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်မလာသင့်ဘူးလေ။

ချန်ယန်ရဲ့အတွေးက အိပ်ယာပေါ်မှာ လူးလိမ့်တဲ့အထိရောက်သွားပေမယ့် တကယ်တမ်းကျတော့ ရှဲ့ယန်က နမ်းရုံလေးပါပဲ။

"Goodnight kissလေး၊ မင်း ပြန်သွားပြီးရင် စောစောအိပ်နော်" အဲ့လိုနူး ညံ့သိမ်မွေ့တဲ့ စကားလုံးတွေ ထွက်ပေါ်လာတာကြောင့် ရှဲ့ရန်က သူကိုယ်သူတောင် အံ့သြနေမိတယ်။

ဒါပေမယ့် ကောင်လေးရဲ့ ကြည်လင်တောက်ပတဲ့ မျက်လုံးတွေကို သူ တွေ့လိုက်တဲ့အခါ ရှဲ့ရန်ရဲ့ နှုတ်ခမ်းထောင့်တွေက အနည်းငယ် လှုပ်ယမ်းသွားလေတယ်။

ချန်ယန်က သူ့အခန်းတံခါးရှေ့မှာ ရပ်နေပြီး ထိုလူ၏ အရပ်မြင့်မြင့်ရုပ်သွင်က ပြန်ထွက်ခွာသွားတာကို ရပ်ကြည့်နေမိတယ်။ ရုတ်တရက် သူ ထိုလူကို တားပြီး သူ့ကို လိုက်ရန် အစီအစဉ်ရှိမရှိ မေးလိုက်ချင်တော့တယ်။

မကြာမီ ထိုလူရဲ့ရုပ်သွင်က သူ့မြင်ကွင်းကနေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့တယ်။ သူက အခြားသူရဲ့အပူရှိန်က သူနားမှာရှိနေသေးသလို ထင်ယောင်ထင်မှားဖြစ်နေပြီး မသိစိတ်နဲ့ လက်ကိုမြှောက်ပြီး သူ့နှုတ်ခမ်းကို ပြန်ထိလိုက်တယ်။

လီယဲ့ရဲ့လှည့်စားမှုနဲ့ သစ္စာဖောက်မှုက ချန်ယန်ကို ဒေါသထွက်ပြီး ဝမ်းနည်းစေခဲ့တယ်ဆိုရင် ရှဲ့ရန်နဲ့ မတော်တဆတွေ့ဆုံမှုနဲ့ သူ့ရဲ့အသွင်အပြင်က ချန်ယန်ရဲ့နှလုံးသားကို တုန်လှုပ်စေတယ်လို့ ပြောနိုင်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now