Part 9 (2/2)

954 147 0
                                    

အခန်း ၉ ချိန်းတွေ့တာလား? (၂/၂)

အချိန်က မွန်းတည့်နီလာပြီ။ ရှဲ့ရန်က ချန်ယန်ကို ကော့တေးပါတီတစ်ကို ခေါ်သွားမယ်လို့ စောစောက ပြောထားခဲ့တယ်။ အဲ့တာကြောင့် ပိုက်ဆံရှင်းပြီးတာနဲ့ နှစ်ယောက်သား ကော်ဖီဆိုင်ကနေ ထွက်လာခဲ့တယ်။

ချန်ယန်က ကော့တေးပါတီကို တန်းသွားမယ်လို့ ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ ရှဲ့ရန်က သူ့ကို အပျော်စီးသင်္ဘောပေါ်က အထည်ဆိုင်တစ်ခုဆီကို ခေါ်ဆောင်သွားခဲ့တယ်။

ဒီဆိုင်က နိုင်ငံခြားဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်နေပြီး ဘယ်လိုပဲကြည့်ကြည့် ခြေလှမ်းတစ်လှမ်လောက်ဝင်ကြည့်ရင်တောင် ပိုက်ဆံတွေအများကြီး ကုန်မယ်လို့ ချန်ယန်က ထင်နေတယ်။

ချန်ယန်က တံခါးမှာရပ်နေပြီး ရှဲ့ရန်က အထဲကို အရင်ဝင်သွားခဲ့တယ်။ သူ ပြန်လှည့်ကြည့်လိုက်တော့ ချန်ယန်က သူ့နောက်ကနေ ပါမလာတာကို သတိထားလိုက်တယ်။ သူက မျက်ခုံးကို ပင့်ပြီး အသံတိတ် မေးလိုက်တယ်။

ချန်ယန်က ခေါင်းယမ်းပြလိုက်တယ်။ ဒီလို မြင်ကွင်းမျိုးက ချန်ယန်ကို ယောက်ျားတစ်ယောက်ရဲ့ အလိုလိုက်ခြင်းကို ခံချင်နေတဲ့ စိတ်ကူးယဉ်မှုတွေကို ဖြစ်ပေါ်လာစေတယ်။

စတိုးဆိုင်ကနေ ပြန်လာပြီးနောက် ရှဲ့ရန်ရဲ့အရပ်ရှည်တဲ့ ခန္ဓာာကိုယ်ကြီးက ချန်ယန်ရဲ့ရှေ့မှာ ရပ်နေခဲ့တယ်။ သူက ချန်ယန်ကို ကော့တေးပါတီကို ခေါ်သွားဖို့ စဉ်းစာခဲ့ပြီး ချန်ယန်ရဲ့အဝတ်အစားတွေက မသင့်တော်ဘူးလို့ ခံစားခဲ့ရတယ်။ ဒါပေမယ့် သူ ချန်ယန်ရဲ့ခံစားချက်တွေကို အနည်းငယ်လျစ်လျူရှုမိခဲ့တယ်။

"တောင်းပန်ပါတယ်" ရှဲ့ရန်က အခြားသူတွေကို တောင်းပန်ဖို့ ခဲယဥ်းပြီး ချန်ယန်က အထူးလူသားတစ်ဦးဖြစ်နေပုံရတယ်။

"အရင်က ဝတ်ဖူးတဲ့ တစ်ထည်လေ၊ အဲဒါကို ဝတ်ရင် ဘယ်လိုလဲ" ချန်ယန်မှာ ရှဲ့ရန် ပေးထားတဲ့ ဝတ်စုံတစ်စုံ ရှိနေသေးတယ်။ အဲဒီနေ့က အခန်းကို ပြန်ရောက်တာနဲ့ သူ တခြားအဝတ်ကို ပြောင်းဝတ်ခဲ့တယ်။ အခု အဲ့တစ်ထည်ကို ဝတ်တာက ပိုသင့်တော်မယ် ထင်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now