Part 11(2/2)

953 156 0
                                    

အခန်း ၁၁ နှစ်သန်း(၂/၂)

မနေ့ညက ချန်ယန်က သူ့ရဲ့ကွန်ပြူတာကိုသုံးပြီး ဂိမ်ရဲ့ငွေပေးချေမှုဆော့ဖ်ဝဲ အကောင့်ကို ဝင်လိုက်ပြီး ငွေတွေကို စာချုပ်နဲ့ မသက်ဆိုင်တဲ့ ကတ်ဆီကို လွှဲထားလိုက်သေးတယ်။ အဲ့တာမှ သူလျောက်သုံးမိလို့ ပိုက်ဆံ ကုန်တာကနေ ကာကွယ်နိုင်မှာလေ။

အခန်းဖော် နှစ်ယောက်လုံးအတွက် မနက်စာ ဝယ်ပြီး ပြန်သွားတော့ သူတို့နှစ်ယောက်က မထသေးပေမယ့် ပြန်မအိပ်ကြတော့ဘဲ အိပ်ယာထဲမှာ ဖုန်းသုံးနေကြတယ်။

ချန်ယန်က မနက်စာကို လွှဲပေးလိုက်တော့ နှစ်ယောက်သားက လက်ခံလိုက်ပြီး တစ်ယောက်က ချန်ယန့်ကို ပိုက်ဆံလွှဲပေးလိုက်ပြီလို့ ပြောလာတယ်။ နောက်တစ်ယောက်က နောက်မှ လွှဲပေးမယ်လို့ ပြောတယ်။

တကယ်တော့ ချန်ယန်က သူ့ဆီက ပိုက်ဆံတစ်ပြားမှ မလိုချင်ဘူး။ ပြီးတော့မှ ချန်ယန်က သူ ဘာလို့ မလိုချင်တာလဲ ဆိုတာကိုလဲ တွေးလိုက်သေးတယ်။ အဲဒီကတ်ဂိမ်းက သူနိုင်ခဲ့တာလေ သူ ယူသင့်တယ်။

ပိုက်ဆံကို ကြည့်ရင်း ချန်ယန်က မျက်မှောင်ကြုတ်လိုက်တယ်။ အဲ့နှစ်သန်းက ကစားပွဲမှာ သူအနိုင်ရခဲ့တာဆိုပေမယ့် ရှဲ့ရန်က အမှန်တကယ် ငွေရင်းထုတ်ခဲ့တာလေ။ အခြားတစ်ဖက်က အနိုင်ရတဲ့ငွေအားလုံးကို ချန်ယန့်ကို ပေးမယ်လို့ ပြောခဲ့ပေမယ့် ချန်ယန်က ပိုက်ဆံအားလုံးကို သူ တစ်ယောက်ထဲ ယူလိုက်ရင် မမှန်ကန်ဘူးလို့ ခံစားနေရတယ်။ တစ်ယောက် တစ်ဝက်ရသင့်တယ်။

ဒါပေမယ့် ချန်ယန်က သူ့ရဲ့ဖုန်းကို ပျောက်သွားစေခဲ့ပြီး ကတ်အသစ်ကို အစားထိုးလိုက်ပေမယ့် ရှဲ့ရန်ရဲ့ဖုန်းနံပါတ်ကတော့ မရှိတော့ဘူး။ ချန်ယန်က အဲဒီအကြောင်းကို စဉ်းစားပြီး ရှဲ့ရန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေရှိမရှိ မေးဖို့ အပျော်စီးသင်္ဘောဆီ ပြန်သွားဖို့ အချိန်တစ်ခုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အပျော်စီးသင်္ဘောပိုင်ရှင်နဲ့ ရှဲ့ယန်က ဆက်ဆံရေးကောင်းတယ်လေ။

နောက်ရက်အနည်းငယ်မှာ အတန်းတွေ ရှိတယ်။ ချန်ယန်က ​​အပျော်စီးသင်္ဘောက ဆိပ်ကမ်းကနေ မထွက်ခွာကြောင်း စစ်ဆေးဖို့ သီတင်းပတ်ကုန်အထိ စောင့်ဆိုင်းခဲ့ပြီးမှ အဲဒီနေရာကို ကားစီးလာလိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now