Part 28.1

827 135 2
                                    

အခန်း ၂၈ (အပိုင်း ၁)

ရှဲ့ရန်က လီယဲ့ကို ဖုန်းခေါ်ဆိုတဲ့အချိန်မှာ တွေ့ဆုံနိုင်မယ့်အချိန်ကို မမေးဘဲ တမင်းစားချိန်ကို နက်ဖြန်နေ့လည်မှာ စီစဥ်ထားတဲ့အကြောင်း ဖုန်းနဲ့ တိုက်ရိုက် သတ်မှတ်ပေးခဲ့တယ်။

တည်နေရာက မြို့ရဲ့ဇိမ်အရှိဆုံး စားသောက်ဆိုင်ဖြစ်ပြီး လီယဲ့နဲ့ အခြားတစ်ယောက်အတွက် လာဖို့ အဆင်မပြေရင် သူတို့ကို လာခေါ်ဖို့ ကားစီစဉ်ပေးမယ်လို့လည်း ရှဲ့ရန်က ထပ်ပြောခဲ့တယ်။

တစ်နည်းအားဖြင့်တော့ အဲ့ဒါက အကျပ်ကိုင်ခြင်းတစ်မျိုးပါပဲ။

ဖုန်းချပြီးတဲ့နောက်မှာ ရှဲ့ရန်က ချန်ယန်ရဲ့လက်ကို ကိုင်ထားပြီး သူ့မျက်လုံးတွေထဲမှာ တောင်းပန်မှုအချို့ရှိနေတယ်။ တကယ်တော့ သူက အတိတ်တုန်းက ကြင်နာလွန်းခဲ့တယ်လို့ သူ ထင်နေမိတယ်။ ထိုလူနှစ်ယောက်က ဒီလိုမျိုးလုပ်မယ်ဆိုတာ သူ ကြိုသိခဲ့ရင် ပိုပြင်းထန်တဲ့နည်းလမ်းတွေကို သူ သုံးခဲ့သင့်တယ်။ .

ကံကောင်းထောက်မစွာနဲ့ ချန်ယန်က အရာအားလုံးကို ကျော်မြင်နိုင်ခဲ့တယ်။ ချန်ယန်ရဲ့ အသွင်မပြင်ကို ကြည့်ရင်လည်း ဒီအဖြစ်အပျက်က သူ့အပေါ် အများကြီး အကျိုးသက်ရောက်ပုံ မပေါ်ဘူး။ ဒါပေမယ့် ဒါက သူတို့ ချန်ယန်ကို ဒုက္ခပေးတာ သုံးကြိမ်မြောက်နေပြီဖြစ်တာကြောင့် သူက လီယဲ့နဲ့ စုန်ဖန်ချမ်းကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပြီ။

အထူးတလည် ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး ရှဲ့ရန်က အဲ့တာကို သီးသန့်ပြုလုပ်ဖို့ စီစဉ်ထားခဲ့တယ်။ ချန်ယန်က အခု ကိုယ်ဝန်ရှိနေတာကြောင့် အဲ့လို အရေးမပါတဲ့အရာတွေက ချန်ယန်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမှာကို သူ ခွင့်မပြုနိုင်ဘူး။

"ကျွန်တော် အဆင်ပြေပါတယ်၊ တကယ်ပါ" ထိုအမျိုးသားရဲ့လက်ဖဝါးက သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့အတွက် တစ်ဖက်လူရဲ့လက်ဖဝါးက နွေးထွေးမှုက ချန်ယန်ရဲ့နှလုံးသားအထိ တိုးဝင်နေခဲ့တယ်။

ရှဲ့ရန်က ခေါင်းညိတ်ပြီး "မင်းပြောသမျှ ချက်ချင်းသိရအောင် ကိုယ် လုပ်ပေးမယ်"

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now