နှင်းသီး နီနီရဲရဲလေးကို ကမ်းပေးလိုက်ရင်း....

''ကလေး ရော့ စားကြည့်"

''ဟုတ်''

''ချိုလား ကလေး''

''ဟုတ် အရမ်းချိုတယ် ကိုကိုကြီး ရော့ ကိုကိုကြီးလည်း စားကြည့်''

အသေးလေးက  နှင်းသီးအသစ်တစ်လုံး  ထပ်ယူပြီး ပေးနေပေမယ့် သူလှမ်းမယူပဲ  အသေးလေး လက်ထဲက စားလက်စ နှင်းသီးကို လုစားလိုက်တော့ မျက်လုံးလေး ပြူးပြီး အံ့ဩနေရှာလေသည်.....

ကလေးပုံလေး မပျောက်ရှာသေးတဲ့  ချစ်သူလေးကိုကြည့်ရင်း နေတင် သနားနေရသည်....

မင်းလေးက ခဏနေ ဒီထက် အံ့ဩစရာတွေ ကြုံရအုံးတော့မှာ ကလေးရေ....

''မိုးရွာတော့မှာ သက်ကလေး လာ အထဲ ဝင်ကြစို့"

ညို့နေတဲ့ ကိုရွှေမိုးက သူတို့ အိမ်ထဲကိုရောက်တာနဲ့ သည်းသည်းမည်း ရွာချပါတော့သည်.....

"ဟင် မိုးကလည်း သူ့ရာသီကုန်နေပြီဟာကို ဘာလို့ ရွာနေရတာလဲ မသိဘူး"

နေတင် နှစ်ခြိုက်စွာ ပြုံးလိုက်မိရင်း .....

''မိုးနဲ့ နွားသိုး ဆိုတာ အစိုးမရဘူးတဲ့ သက်ကလေးရဲ့ မကြားဖူးဘူးလား "

''မကြားဖူးပါဘူး  အဲဒါ အဖိုးကြီးအို စကားတွေ မဟုတ်လား''

''ဟေ့ကောင် အဖိုးကြီးအိုဆိုတာ ဘယ်သူ့ကို  ပြောတာလဲကွ ''

''အနော်က ဒီလိုပဲ ပြောလိုက်တာပါနော် ကိုကိုကြီးကသာ ကိုယ့်ဟာကိုယ် မလုံမလဲဖြစ်နေပြီးတော့များ ဟွန့်''

''ဟားဟားဟား''

အရင်က ရုပ်က တည်တည်တင်းတင်းကြီး ဆိုပေမယ့်  အနော်နဲ့ ချစ်သူတွေ ဖြစ်သွားပြီးကြတဲ့နောက်ပိုင်း တဟားဟား ရယ်မောနေတတ်တဲ့ ကိုကိုကြီးဟာ အနော့်မျက်စိထဲမှာတော့ မင်းသားလေး တစ်ယောက်လိုမျိုး ချောမော ခန့်ညားလို့ နေလေသည်......
_
_
_
_
_
ကိုကိုကြီးက နှင်းသီးလေးတွေ လေးစိတ်စိတ်ထားတာနဲ့ လောင်ဂန်သီး  အခွံခွါထားတာလေးတွေကို အဆက်မပြတ် လာခွံ့ကျွေးနေတော့ အနော်ဗိုက်တောင်မဆန့်တော့.....

⚜️Nay Tin's Love Story⚜️Where stories live. Discover now