‌ဘန်းးးးးးး! !

တံခါးကကျယ်လောင်စွာပိတ်သွားခဲ့တယ်မြတ်ပန်းဝေမှာအောက်ဆီဂျင်‌ကောင်း‌ကောင်းမရသေးလို့မူးဝေနေတုန်းပဲ

မြတ်ပန်းဝေ ထပ်ထွက်ပြေးလို့မရတော့ဘူးဆိုတာသိသွားလေတယ်

သူမ ခေါင်းကိုက်သွားတယ်

ဘာမှားသွားတာလဲ? သူမလဲမသိတော့ဘူး

........

"သမီးကသူငယ်ချင်း‌တွေနဲ့အပျော်ခရီးထွက်သွားတယ် မင်းမင်းလဲပါတယ် စိတ်မပူနဲ့"

ဒေါ်နှင်းဝေလွင်က sky ကို ပြောလိုက်တယ်

သနားစရာပဲ မင်းမင်းကခြေတစ်လှမ်းဦးသွားခဲ့ပြီ ဒီခရီးကပြန်လာရင် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ

ပြီးတော့လဲ မြတ်ကလေးကို ဘယ်သူပဲရရ သူမကတော့ သားတွေလိုပဲဖြစ်နေပြီမို့ သူမကတော့ အရှုံးမရှိဘူး

"ဟုတ်ကဲ့ပါအန်တီ"

Sky ခေါင်းငြိမ့်လိုက်ပေမဲ့ သူသိတာပေါ့ မြတ်ကလေးက အပျော်ခရီးထွက်သွားတာလုံးဝမဟုတ်ဘူး

ကြည့်ရတာ မြတ်ပန်းဝေ ထပ်ပြီးပြန်ပေးဆွဲခံရပြန်ပြီထင်တယ်

ဒီတခါတော့လက်သည်က ဟိုကောင်ပဲဖြစ်မှာ

Sky ရင်ပူနေရတယ်

သူတို့နှစ်ယောက်များ တခုခုဖြစ်သွားရင်ဆိုတဲ့စိတ်နဲ့ သူဘယ်လိုမှနေမရဘူး

မြတ်ဘုန်းသျှန်ကတော့ အဲ့သတင်းကိုကြားလိုက်ပေမဲ့လဲ အဲ့လောက်ကြီးပူပန်မနေဘူး

မြတ်ကလေးက ဒီလမ်းကိုလျှောက်ချင်တယ်လား ဒီလမ်းပေါ်တင်ပေးလိုက်မယ်

မြတ်ကလေးက ဒီလူကိုချစ်မိသွားတယ်လား ဒါဆိုသူအဲ့လူကိုအစွမ်းကုန်ကာကွယ်ပေးလိုက်မယ် သူတို့အချစ်ခရီးလမ်းဖြောင့်ဖို့ဆုတောင်းပေးလိုက်မယ်

မြတ်ကလေး ဘယ်သူ့ကိုချစ်ချစ် ဒါက မြတ်ကလေးရဲ့စိတ်ဆန္ဒပဲ
သူစွက်ဖက်မှာမဟုတ်ဘူး

သူ့အတွက်ကတော့ မြတ်ကလေးရဲ့အချစ်ကသူ့အတွက်မဟုတ်ခဲ့ရင် သူ့ရင်ထဲမှာ အဲ့အချစ်တွေကိုထာဝရသိမ်းပဲထားလိုက်တော့မှာ

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now