"ဟဲ့ နင့်ကိုလဲဘယ်သူမှလိုမနေဘူးသိလား ငါ့ဘာသာငါ ရင်ဆိုင်နိုင်တယ် နောက်ကျ ငါသေနေရင်တောင် လာမစွက်ဖက်နဲ့ "
"မစွက်ဖက်ဘူး"
"အေး ကောင်းတယ် နင့်ကိုလဲငါမမြင်ချင်ဘူး င့ါရှေ့ကနေထွက်သွား! "
"ငါ့ဘာသာငါရပ်နေတာလေ "
"......"
"သွားချင်ရင်နင်သွားပေါ့"
"......"
မြတ်ပန်းဝေမှာ ဒေါသငယ်ထိပ်တက်ဆောင့်နေပေမဲ့လဲ ဘာဆက်ပြောရမှန်းမသိဘူး အဲ့ဒါကြောင့် ဒေါသထွက်ထွက်နဲ့ sky ရဲ့ခြေသလုံးကို တချက်ကန်ကာ ရှူးရှူးရှားရှားနဲ့ထွက်သွားတော့တယ်
မင်းဧကရာဇ်က sky ကိုပြီတီတီနဲ့လက်ညိုးတထိုးထိုးဖြစ်နေပြီးမှ မြတ်ပန်းဝေနောက်လိုက်သွားတော့တယ်
Sky က ဖိနပ်ထိပ်နဲ့မြေကြီးကို အတန်ကြာထိုးကော်နေရင်းစောင့်နေပေမဲ့ မြတ်ပန်းဝေနဲ့ဟိုကောင်က ပြန်မလာတာကြောင့် နှာမှုတ်ကာ အပေါ်ပြန်တက်သွားတော့တယ်
"နင် sky အကြောင်းပြောမှာဆို င့ါကိုဘာမှလာမပြောနဲ့ငါဘာမှမကြားချင်ဘူး"
"မပြောပါဘူး ကိုယ့်ပြိုင်ဘက်ကောင်းကြောင်းပြောရအောင် ငါကရူးနေလို့လား"
မြတ်ပန်းဝေ စိတ်မကြည်ရတဲ့အထဲ ဒီတစ်ကောင်က စပ်ဖြဲဖြဲလာလုပ်နေတာမို့ မျက်စောင်းချည်းပဲလှိမ့်ထိုးနေမိတော့တယ်
"မြတ်ကလေး"
"ဘာလဲ! "
"နင် sky ကိုမကြိုက်ရဘူးနော်"
"ငါ့ဘာသာငါ ဘာဖြစ်ဖြစ်နင်နဲ့ဘာဆိုင်လဲ"
"ဆိုင်တာပေါ့ ဘာလို့တုန်းဆိုတော့ ငါကလဲနင့်ကိုကြိုက်နေလို့လေ "
"......."
မြတ်ပန်းဝေ ခေါင်းကိုက်သွားတယ် ပစ်မှတ်ကသူမဘာလို့ဖြစ်နေမှန်းမသိပေမဲ့ သူမ တစ်ကိုယ်ကောင်းဆန်တယ်လို့ပဲပြောရမယ် ဘာလို့တုန်းဆိုတော့ ဒီအချစ်ဆိုတဲ့အရာကြီးကြောင့် သူမရရှိထားတဲ့အရာ ဘာတွေကိုမှအဆုံးရှုံးမခံနိုင်ဘူး
သူမသာ မချစ်ရင် သူတို့ကိုလဲဆက်တွေ့ရမယ် သူတို့နဲ့လဲဆက်ရှိနိုင်မယ် သူမကိုချစ်ပေးတဲ့သူတွေအားလုံးကိုအမြဲတွေ့နေရတယ်လေ သူမ ဒီထက်ပိုလောဘမကြီးသင့်တော့ဘူး
"မင်းမင်းရယ် နင်ဘာမှမသိပါဘူးဟာ ပြီးတော့ နင်က နှင်းဒီဇင်ဘာနဲ့ပဲလိုက်ဖက်တာ "
"ဟမ်! နှင်းဒီဇင်ဘာ ? အဲ့တစ်ယောက်ကဘယ်သူတုန်း"
"........"
"ဪ ကိုဘုန်းကိုလိုက်နေတဲ့တစ်ယောက်လား အဂွမ်းလိုက်ကြီးပါဟာ "
".........."
မြတ်ပန်းဝေ မင်းဧကရာဇ်ကိုပြူးကြည့်လိုက်တယ်
ဒီစကားက နောင်တချိန်နင့်လည်ပင်းကိုစွပ်မဲ့ကြိုးကွင်းဖြစ်မလာပါစေနဲ့လို့ပဲဆုတောင်းထားလိုက်တော့broရေ
"နင်ငါ့ကိုစကားလာလွှဲမနေနဲ့ နင်လဲငါ့ကိုချစ်တယ်မလား ဟုတ်တယ်မလား မငြင်းကြေးနော် နင်ငြင်းရင် နင့်ကိုငါ ဖမ်းပြီးဝါးစားပစ်မှာ "
"ဘာတွေလာပြောနေတာလဲ အရူး နင့်ကိုငါဘယ်တုန်းချစ်တယ်ပြောလို့လဲ "
သူမ ရယ်မောပြီး မင်းဧကရာဇ်ပြောတာကို နောက်တယ်ထင်ခဲ့ပေမဲ့ တနေ့ သူမမျက်စိဖွင့်လာတဲ့အချိန် မရင်းနှီးတဲ့ဘယ်နေရာကိုရောက်နေမှန်းမသိဘူး
မြတ်ပန်းဝေ မင်းဧကရာဇ်ကိုမတွေ့ခင်အချိန်အထိ ကြောက်လန့်နေခဲ့တာ
"ဟဲ့ ငါ ဘာဖြစ်သွားတာလဲ"
"နင် မနေ့က မူးတယ်လေ အဲ့တာကိုမှတ်မိလား"
မြတ်ပန်းဝေ နားထင်ကိုနှိပ်ပြီးစဉ်းစားလိုက်တော့ တက္ကသိုလ်ကသူငယ်ချင်းတွေကောင်းမူ့ကြောင့် ဘားရောက်သွားပြီး သူမရဲ့လစ်မစ်ထက်ကျော်ပြီးအရက်သောက်ခဲ့တယ်ဆိုတာကိုမှတ်မိလိုက်တယ် မြတ်ပန်းဝေမှာ ကိုယ့်ဘာသာကိုယ်ရှက်သွားပြီး ရယ်ရယ်မောမောနဲ့ပဲ
"အဲ့တော့ ငါ့ကိုနင်ခေါ်လာပေးတာလား ကျေးဇူးပဲ အခု ငါနိုးလာပြီဆိုတော့ အိမ်ပြန်ပို့ပေးတော့နော်"
အဲ့လိုပြောလိုက်ပေမဲ့မင်းဧကရာဇ်က အင်းလို့ပြောမလာတော့ အိပ်ရာထဲကုန်းရုန်းထနေတဲ့မြတ်ပန်းဝေမှာ ထူးဆန်းသွားရတယ်
"အဲ့တော့ ငါ ဘာထပ်ဖြစ်သေးလို့လဲ"
"နင် ငါနဲ့အိပ်ခဲ့တယ် "
"......"
"မမှတ်မိဘူးလား"
အိပ်ရာပေါ်က ထဖို့ကြိုးစားနေတဲ့မြတ်ပန်းဝေက ခနလောက်တောင့်ခဲသွားပြီးနောက်ကိုပြန်လန်ကျသွားလေတယ်
"မဖြစ်နိုင်တာ! "
........................🎶🌿🎶🥕🎶🌿🎶🌿🎶🎶🌿🎶🌿🎶🌿🎶🌿🎶🌿🎶🌿🎶🌿🎶🥕🎶🌿🎶
Alinkar nang 🌿🌿
CITEȘTI
(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgi
Fantezieကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်အပေါ်ပြိုကျလာခဲ့သလိုပဲ လေးလံလွနး်တယ် သူမက ဒီအတိုင်း ကြည့်နေရုံလေး မြင်နေရုံလေး ကြိတ်ကြွေကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုးဗိုလ်လေးက ကိုယ့်ကို...
30.zgi
Începe de la început