ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၉၃

Start from the beginning
                                    

''...''

''ကိုယ် မင်းနဲ့ မဝေးချင်ဘူး ဖြစ်နိုင်ရင် ကိုယ် တခါတည်း မင်းကို လက်ထပ်ယူချင်တာ ဒါပေမဲ့ မင်းမိဘတွေက ကိုယ်တို့ကို ခွဲပီး မတွေ့နဲ့လို့ ပြောရင် မင်းနေနိုင်လား ကိုယ် မနေနိုင်ဘူး''

''ကျွန်တော်လည်း မနေနိုင်ဘူး''

''အဲဒါပြောတာလေ အချိန်ဆိုတာ စောင့်တိုင်းမကောင်းသလို မစောင့်တိုင်းလည်း မကောင်းဘူး သူ့နေရာနဲ့သူ ချိန်စပီး လုပ်ရမှာ မင်း ကလေးတစ်ယောက်လို စိတ်တိုင်းကျ လုပ်လို့ မရဘူးလေ ဒါကိုယ်တို့ ဘဝတည်ဆောက်ဖို့ အချိန်လိုအပ်တယ်''

''ကျွန်တော် ကလေးလို လုပ်နေတာမဟုတ်ဘူး p' က ကျွန်တော်နဲ့ အတူမနေချင်လို့ အကြောင်းပြချက်တွေပေးနေတာလေ ''

''ဟာ kit''

''p' က တခြားတစ်ယောက်ကို စိတ်ပြောင်းသွားရင် ကျွန်တော်ပဲ ရင်ကွဲမှာ ကျွန်တော်ပဲ ခံစားရမှာ ''

''မင်း အခုထိ ကိုယ့်အချစ်ကို မယုံသေးဘူလား''

''ဒါဆို ကျွန်တော်နဲ့ အတူတူလာနေလေ ယုံစေချင်ရင်ပေါ့''

''အေး မင်းမိဘတွေ သိသွားလို့ ငါတို့နှစ်ယောက်ကိုခွဲရင် မင်းတာဝန်ယူမလား''

''ယူမယ် ကျွန်တော် မရရအောင်ကို ခွင့်တောင်းပေးမယ်''

''တကယ်နော်''

''အင်း''

''အေး မင်း မိဘတွေ ခွင့်ပြုအောင် မလုပ်နိုင်ဘူးဆိုရင် ငါ မင်းကို ခိုးပြေးမှာနော် အဲတော့မှ အပြစ်မပြောနဲ့''

''ဟင်း ဟင်း''

ကျွန်တော်ပြောလိုက်တဲ့ စကားကြောင့် အမှောင်ကျနေတဲ့ သူ့ မျက်နှာလေး အလင်းပြန်ရသွားသလို ပြုံးရယ်နေသည်။

''ဘာရယ်တာလဲ တကယ်ပြောနေတာ''

''ကျွန်တော်က မိန်းကလေးမှ မဟုတ်တာ''

''မိန်းကလေးထက်ကို ပိုချစ်နေတာ ဘယ်လိုလုပ်ရမလဲ''

''ဒါဆိုလာနေမှာလား''

''နေ့တိုင်းတော့ နေလို့ မရဘူးလေ ကိုယ်တို့မှာ ကျောင်းစာတွေ လုပ်ရဦးမှာမလား''

''အဲတော့မနေဘူးပေါ့''

''မဟုတ်ဘူး စနေ တစ်ရက်လာနေမယ်လေ''

''လာမနေပါနဲ့တော့ ''

သူက ပြောပီး ခုံတန်းမှာ သွားထိုင်တော့ကျွန်တော်ပါ လိုက်ထိုင်လိုက်သည်။ ပီးတော့ ကျွန်တော်က

''စာမေးပွဲကနီးနေပီလေ စာကျက်ဖို့လိုသေးတယ် ကိုယ်တို့ အတူတူနေရင် စာကျက်ဖြစ်မှာမဟုတ်ဘူး''

''စာမကျက်ပဲ ဘာလုပ်မှာမို့လဲ'

''မင်းမသိဘူးလား ကိုယ်တို့ချစ်နေကြရင် ဘယ်လိုလုပ်မလဲ''

''ကျောင်းသားက စာကျက်ရမှာပေါ့ ချစ်တာက သက်သက်ပဲ''

''မရဘူး ကိုယ်က မင်းကို မြင်ရင် ချစ်ချင်နေတာ စိတ်က တားလို့မရဘူး''

''အဲဒါ အချစ်မဟုတ်ဘူး အဲဒါ တဏှာဗျ''

''ဟာ မင်းလည်း အဲဒါကြောင့် နေချင်တာမဟုတ်ဘူးလား''

''အာ ဘာတွေပြောနေတာလဲ ကျွန်တော်က p' နဲ့ အတူရှိနေရင် ပျော်တယ် ဒါကြောင့်အတူရှိနေချင်တာ အဲလိုနေချင်တာကိုပြောတာမဟုတ်ဘူး''

''အွန်း လိမ်ပြောတယ် သူပဲ ကိုယ့်ကို start kiss တွေ လာလာပေးနေပီးတော့''

''အဲဒါက ချစ်လို့လေ''

''အတူတူပဲလေ''

Next one

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now