ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၉၃

ابدأ من البداية
                                    

''kit မလုပ်ပါနဲ့ ကို်ယ်ရှင်းပြတာနားထောင်ပါဦး''

''...''

ကျွန်တော်က ဘာမှ မပြောပဲ ရပ်နေတော့ fait က

''p' ဘာဖြစ်လို့လဲ သူစိတ်ဆိုးနေတာက''

''သူ ကိုယ့်ကို အထင်လွဲနေတာပါ အဲဒါ ရှင်းပြဖို့ကို''

''အော် ဒါဆို ကျွန်တော်တို့ သွားတော့မယ်''

''အင်း''

''kit သွားပီ''

''ငါလည်းလိုက်မှာ''

''kit...''

fait က ပြောပီးထွက်တော့ ကျွန်တော်လည်း အနောက်က လိုက်သွားဖို့ကို ခြေတစ်လှမ်း လှမ်းရုံရှိသေး p'sing က ကျွန်တော့် လက်ကောက်ဝတ်ကို လှမ်းဆွဲပီး

''kit ကိုယ် ပြောတာနားမထောင်တော့ဘူးလား''

''...''

''ဘာမဟုတ်တာလေးကို မင်းကလည်း ကိုယ်ရှင်းပြချင်လို့''

''p'singက ဘာမဟုတ်တာ ပြောမှာပေါ့ ကျွန်တော်...''

ကျွန်တော်ပြောပီး ရပ်လိုက်သည်။ ကျောင်းသားတွေက ထွက်လာကြပီး ကျွန်တော်တို့ကို ကြည့်သွားတာတွေ့၍ ဆက်မပြောတော့ပေ။ ဒါကို သူက ကျွန်တော့် လက်ကို ဆွဲပီး ကျွန်တော်တို့ ကျောင်းဆောင်ထဲ ဝင်လာခဲ့သည်။ fait တို့က ကျွန်တော်တို့ အဖြစ်ကို ကြည့်ပီး ကျန်ခဲ့သည်။ ခဏနေတော့ သူတို့လည်း ထွက်သွားသည်။

sing//
ကျွန်တော်တို့စကားပြောဖို့ ကျောင်းအပြန်ဆိုတော့ အထွက်နဲ့ လူရှုပ်နေသည်။ ကျွန်တော် ရှင်းပြဖို့ ကြိုးစားတာကို လက်မခံတော့ ကျွန်တော်လည်း စိတ်မရှည်နိုင်ပဲ သူ့လက်ကိုဆွဲကာ ကျွန်တော်တို့ တွေ့နေကျနေရာကို ဆွဲခေါ်လာခဲ့သည်။ အပေါ်ရောက်တော့ သူက ကျွန်တော့်လက်မှ သူ့လက်ချွတ်ယူနေတော့ ကျွန်တော်လည်း အသာလေးလွှတ်ပေးလိုက်သည်။ ပီးတော့ ကျွန်တော်က

''ကိုယ် လာမနေချင်လို့ ပြောတာမဟုတ်ဘူး ကိုယ်တို့ အခု လွတ်လွတ်လပ်လပ်တွေ့နေရတာပဲ ''

''p' က ကျွန်တော်နဲ့မနေချင်လို့ ပြောတာမလား''

''မဟုတ်ဘူး kit ကိုယ်လာနေတဲ့အခါ မင်း မိဘတွေ ကိုယ်တို့ အကြောင်းကို သိသွားရင် ကိုယ်တို့ ဒီလို တွေ့ခွင့်ပေးမှာ မဟုတ်ဘူး ကိုယ် အိမ်တောင် လာခွင့်ရှိမှာ မဟုတ်ဘူး''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)حيث تعيش القصص. اكتشف الآن