ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၉၂

Start from the beginning
                                    

ကျွန်တော်လည်း စဉ်းစားနေမိသည်။ ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့ ကျွန်တော်သွားအိပ်လို့ သူ့မိဘတွေ ကျွန်တော်တို့ အကြောင်းကို သိပီး ကျွန်တော့်ကို မောင်းထုတ်လိုက်မှာကို ကြောက်နေမိသည်။ အရှက်ရမှာလည်း စိုးမိသည်။ သူကတော့ စိတ်ဆိုးသွားတာသေချာသည်။ သူ့ကို ဘယ်လို ပြန်ချော့ရမလဲ  သူစိတ်ဆိုးတာကိုလည်း မဖြစ်စေချင်ပေ။ ကျွန်တော်လည်း စဉ်းစားနေရင်း အိပ်ချိန်ရောက်တော့ အိပ်လိုက်သည်။

ကျွန်တော်တို့ မနက်ရောက်တော့ ကျောင်းထွက်လာခဲ့သည်။ ကားပေါ်ရောက်တော့ fait က

''p' ဘယ်လိုလဲ kit နဲ့ ပျော်ရဲ့လား'

''ပျော်တာပေါ့ ကိုယ်ချစ်တဲ့သူနဲ့ နေရတာပဲ''

''mom တို့ ဘယ်အချိန် ပြန်ရောက်လဲ''

''၉ နာရီ ခွဲဖြစ်မယ်''

''အော်''

ကျွန်တော်တို့လည်း စကားပြောရင်း ကျောင်းသို့ ရောက်လာခဲ့သည်။ ကျွန်တော်လည်း oaujun တို့ကို နှုတ်ဆက်ပီး အတန်းသိ့ု ထွက်လာခဲ့သည်။ အတန်းထဲ ရောက်တော့ ခုံတွင်ထိုင်နေလိုက်သည်။ သူငယ်ချင်းတွေ မရောက်သေးပေ။

kit//
မနက်ရောက်တော့ par ကျောင်းကို လိုက်ပို့၍ ကျောင်းသို့ထွက်လာခဲ့သည်။
ကျောင်းရောက်တော့ အတန်းထဲဝင်တော့ fait က ရောက်နေသည်။ ကျွန်တော့် မြင်တော့ fait က ပြုံးစိစိလုပ်နေသည်။ ဒါနဲ့ ကျွန်တော်က ခုံမှာထိုင်ရင်း

''ဘာလဲ''

''ငါတို့မလာလို့ တော်တော် ပျော်နေတယ်မလား''

''မပျော်ပါဘူး''

''မလိမ်ပါနဲ့ ငါ တမင်မလာတာ မင်းတို့ အေးအေးဆေးဆေးတွေ့လို့ရအောင်လို့''

''သိသားပဲ''

''ဘာတွေဖြစ်ခဲ့ကြလဲ''

''ဘာဖြစ်ရမှာလဲ ဘာတွေမေးနေတာလဲ သူများတွေကြားကုန်ဦးမယ်''

ကျွန်တော်လည်း ရှက်ပီး တားလိုက်တော့ သူက ပြုံးစိစိလုပ်နေသည်။ ကျွန်တော်လည်း မသိသလိုနေလိုက်သည်။ p' ကို စိတ်ဆိုးနေတာ မသိပေ။ ခဏကြာတော့ သူငယ်ချင်းတွေ အကုန် ရောက်လာပီး သိပ်မကြာပါ ဆရာမ လာ၍ စာသင်လိုက်သည်။

နေ့ခင်း ထမင်းစားချိန်ရောက်တော့ ကျွန်တော်တို့ ထမင်းစားဖို့ ထွက်လာခဲ့သည်။ ဆိုင်ရောက်တော့ p'sing တို့ မရောက်သေးပေ။ ကျွန်တော်တို့ မှာယူ စားသောက်လိုက်သည်။ ကျွန်တော်တို့ စားနေတုံး p'sing တို့ အုပ်စု ဝင်လာသည်။ ဒါကို fait က

''p'sing တို့လာပီ''

ကျွန်တော်လည်း မသိသလိုနေလိုက်ပီး ထမင်းဆက်စားနေလိုက်သည်။ p' က ကျွန်တော်တို့ အနားရောက်လာတော့
ကျွန်တော့်ကျောနောက်ကနေမှီလိုက်ပီး ကျွန်တော်စားဖို့ ခပ်ထားတဲ့ ထမင်းဇွန်းကို ကျွန်တော် ကိုင်ထားတဲ့ လက်ပေါ်ကနေ အုပ်ကိုင်ပီး သူ့ပါးစပ်ထဲ ထည့်ကာ စားလိုက်သည်။ oaujun တို့က ပြုံးစိစိနဲ့ ကြည့်နေကြသည်။

sing//
ကျွန်တော်တို့ ဆိုင်ထဲဝင်တော့ fait က လက်ညိုးထိုးပြတာတောင် သူက မသိသလိုနေနေသည်။ ဒါနဲ့ ကျွန်တော်လည်း  သူစိတ်ဆိုးပြေအောင် စချင်တာနဲ့  သူစားနေတဲ့ ဇွန်းကို လုစားလိုက်သည်။ ပီးတော့ ကျွန်တော်က
ပလုပ်ပလောင်းနဲ့

''စားလို့ကောင်းလိုက်တာ ချစ် ခွံကျွေးလို့လားမသိဘူး''

ဒါကို off က

''ဟေ့ sing သူခွံကျွေးတာတော့ မတွေ့ဘူး မင်းလုစားလိုက်တာတော့တွေ့တယ်''

''ဟား ဟား''

off စကားကြောင့် အကုန်ရယ်နေကြသည်။

''ဟာ သူ့လက်နဲ့ ကိုင်ထားတာလေ ဇွန်းက''

''အေးပါ လာ သူများဟာ ငတ်မနေနဲ့ ကိုယ့်ဘာသာ ဝယ်စား''

ကျွန်တော်ကသူ့ပခုံးကိုင်လိုက်ပီး

''ဒါ သူများလား ငါ့...'

''တော်ပီ မကြေငြာနဲ့ သိတယ် လာ''

သူ့ကို ကြည့်လိုက်တော့ သူက ဘာမှ မပြောပေ။ ကျွန်တော်လည်း off ခေါ်လို့ ထွက်လာခဲ့လိုက်သည်။ နှစ်ခုံကျော်တွင် သွားထိုင်လိုက်သည်။ ကျွန်တော်တို့ မှာပီး သိပ်မကြာပါ သူတို့ စားပီး ထွက်သွားကြသည်။ ကျွန်တော် လိုက်ကြည့်နေမိသည်။ ကျွန်တော်တို့လည်း စားပီး အတန်းထဲ ပြန်ဝင်လာခဲ့သည်။

သူတည်တည်လေးလုပ်နေတော့ အရင်က သူ့ပုံစံတွေကို ပြန်မြင်ယောင်နေမိသည်။ နှုတ်ခမ်းလေးဆူပြလိုက် တင်ပါးကို ပုတ်သွားလိုက် kiss ပေးတဲ့ ပုံစံံ လုပ်ပြသွားလိုက်နဲ့  ချစ်ဖို့ကောင်းတဲ့ အမူအယာတွေကို သတိရမိသည်။ ညနေ ကျောင်းအပြန် စိတ်ဆိုးပြေအောင် ချောရမယ်လို့ တွေးနေလိုက်သည်။

Tomorrow
G.N 😍😍😍

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now