ကျွန်စျေးသို့အလည်တစ်ခေါက်

Zacznij od początku
                                    

ပိုင်လီ:: .....

အခုမှပဲ ပိုင်လီက လှေပိုင်ရှင်၏ အပြုံးကြီးကို နားသလို ရှိသွားတော့၏။

ပိုင်လီက ထိုလူအထင်လွဲနေတာကို ရှင်းပြဖို့ရာ ပျင်းရိနေတာကြောင့် သူက မိန်းကလေးငယ်လေးတွေကိုသာ ကြည့်လိုက်တော့ ထိုမိန်းမငယ်လေးများက ဆယ်ကျော်သက်လေးတွေသာဖြစ်နိုင်ပြီး အသက်မှာ ဆယ့်နှစ်နှစ်၊ဆယ့်သုံးနှစ်လေးတွေသာ ရှိသေးမည်။ သူတို့ကိုကြည့်ရတာ ဒီအခြေနေကို ကြောက်ရွံ့နေပုံရပြီး တုန်တောင် တုန်နေကျပါသေးတယ်။

ပိုင်လီက အခုချိန်မှာ သူ့ကိုယ်သူ မကောင်းတဲ့လူတစ်ယောက်လို ခံစားလိုက်ရသလိုပဲ။

ပိုင်အဖေကလည်း ဒီအခြေနေကို သိပ်သဘောမကျတာ ထင်ရှားနေပြီး ဟိုလူကတော့ ဝမ်းသာအားရပင်ပြောလာလေသည်။

"မုဆိုးပိုင် သူတို့က လွန်ခဲ့တဲ့ရက်တချို့ကမှ မြို့တော်ကရောက်လာတာ အရင်က အိမ်တော်ကြီးတစ်ခုကအစေခံမလေးတွေလေ ငယ်ငယ်ထဲက အိမ်တော်ကြီးထဲမှာပဲနေလာတော့ အပြင်လောကကိုလည်း တွေ့ဖူးသေးတာမဟုတ်ဘူး မင်းကြည့်ပါဦး အရွယ်လေးတွေကလည်း မကောင်းဘူးလား"

ပိုင်လီသည် ထိုလူကသို့ လူတွေကိုရှေ့ထားပြီး ပြောဆိူမနေချင်ပေ။ ဒါကြောင့် သူတို့ကို အရင်ပြန်သွားခိုင်းပေးဖို့ ပြောလိုက်အပြီးမှ မေးလိုက်ပါတယ်။

"သူတို့က အိမ်တော်ကြီးကဆိုရင် ဘယ်လိုလုပ်ရောင်းစားခံရတာလဲ"

ကြီးမားသော အိမ်တော်ကြီးများသည် ဂုဏ်သိက္ခာကိုအလေးထားကျသည်။ သူတို့က အစေခံတွေကိုအသက်ဘယ်လောက်မှာ လွတ်မြောက်ခွင့်ပေးမယ်ဆိုတာမျိုး သတ်မှတ်ထားပြီးသားပါ။ ဒါကြောင့် ဒီကလေးမလေးတွေ ဒီမှာရှိနေရခြင်းက အဲဒီအိမ်တော်ကြီးတစ်ခုခုဖြစ်သွားတာရယ်၊ ဒါမှမဟုတ် သခင်အပေါ် အမှားတစ်ခုခုလုပ်မိတာကြောင့်ရယ်သာ ဒီလိူနေရာကို ရောက်လာနိုင်တာ။

ပိုင်လီရဲ့မေးခွန်းကိုကြားတော့ ကျွန်ကုန်သည်မှည ပိုင်လီက မိန်းမငယ်လေးတွေရဲ့ ငယ်ရွယ်မှုနှင့်သန့်စင်မှုကို စိတ်မဝင်စားဘဲ တခြားကိစ္စတွေကိုစိတ်ဝင်စားနေတာကြောင့် အနည်းငယ်အံသြသွားသော်လည်း သူကပြောလိုက်စဲပင်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝOpowieści tętniące życiem. Odkryj je teraz